ရခိုင်တွင် ငြိမ်းချမ်းရေးဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲဲပြုလုပ်

ရခိုင်တွင် ငြိမ်းချမ်းရေးဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲဲပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်လုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးဆိုင်ရာအရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးယာယီ ကော်မတီအဖွဲ့မှ ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် ပြုလုပ်နေကြောင်း သိရသည်။

” ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ရခိုင်ပြည်က မြို့နယ်တိုင်းမှာရှိတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်။ အဲဒီထဲကမှတစ်ဆင့် သင်တန်းသား ၅ ဦးရွေးချယ်မယ်။ သူတို့ကို ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဆရာဖြစ်သင်တန်းတွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ပေးသွားမယ်” ဟု ကော်မတီအဖွဲ့တာဝန်ခံ ခိုင်းကောင်းစံမှ နိရဥ္စရာသတင်းသို့ုပြောသည်။

ယင်းငြိမ်းချမ်းရေးဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲကို နိုင်ငံတော်အဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ဒေသခံပြည်သူလူထုများ၏ လိုအပ်ချက်များကို အချက်လက်စုဆောင်းပြီး ပြည်သူများအသံကို နိုင်ငံတော်ကသိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

“အခုဆိုရင် နိုင်ငံတော်ကလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ပါဝင်မူကို အသိအမှတ်ပြုထားပြီး ဖြစ်တယ်။ ဒါပေမယ့် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ့ရဲ့ အခန်းဏ္ဍကို ကန့်သတ်ထားတာတွေရှိတယ်။ ဒါကြောင့် နောက်ထပ်လာမယ့် နောက်ဆက်တွဲ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြည်သူအသံတွေ များများထွက်ပေါ်လာအောင် အခုလို လူထုတွေ့ဆုံဆွေးနွေးပွဲကနေ ၉ ဦးကော်မတီကို မြို့နယ်တိုင်းမှာဖွဲ့တယ် “ဟု ရခိုင်အမျိုးသမီးများအစည်းအရုံးမှ စောသိရီရည်မွန်ကပြောသည်။

njr0704

ယင်းသို့ ၉ ဦးကော်မတီနှင့် သင်တန်းသားရွေးချယ်မှုအပိုင်းတွင်လည်း အမျိုးသမီးများပါဝင်မူကို အလေးထား ဆောင်ရွက် မည်ဖြစ်ပြီး သင်တန်းဆရာများကိုလည်း မွမ်းမံသင်တန်းများ ထပ်မံပေးသွားမည်ဖြစ်ကာ ၎င်းတို့မှတစ်ဆင့် ကိုယ့်ဒေသမှ ပြည်သူလုထုများကို ထပ်ဆင့်ပညာပေးမူများ ပြုလုပ်သွားမည်ဟု သူကဆိုသည်။

ငြိမ်းချမ်းရေးဆိုင်ရာအရပ်ဖက်လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲကို သံတွဲ၊ ဂွ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် ပေါက်တော မြို့နယ်အလိုက် ၃ ဖွဲ့ခွဲ၍ ပြုလုပ်သွားမည်ဟု သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...