စစ်တွေ လေဆိပ်တွင် ကိုဖီအာနန်ကို လူ ၁၀၀ ခန့် ဆန္ဒပြ

စစ်တွေ လေဆိပ်တွင် ကိုဖီအာနန်ကို လူ ၁၀၀ ခန့် ဆန္ဒပြ
by -
နိရဥ္စရာ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော အကြံပေးကော်မရှင်အဖွဲ့ ဒီဇင်ဘာလ၂ရက် နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်သို့ ရောက်ရှိလာရာ လူ ၁၀၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီတစ်ကြိမ်က ဒုတိယအကြိမ် ဆန္ဒထုတ်ဖေါ်ရခြင်းဖြစ်ပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ ရခိုင်အမျိုးသားပါတီက ၅/၂၀၁၆ ကြေညာချက်ထုတ်ပြီး ကန့်ကွက်ထားပါတယ်။ ပထမအကြိမ် ခရီးစဉ်တုန်းကလည်း လူထုအသံကို ထုတ်ဖေါ်ခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း ဒီလိုဆန္ဒဖော်ထုတ်ပွဲတွေကို ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ် ”ဟု ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ်မှ အတွင်းရေးမှူး ဦးအောင်သန်းဝေက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဆန္ဒပြပွဲတွင် လူထုပူးပေါင်း ပါ၀င်မှု အားနည်းသော်လည်း ဆန္ဒပြခွင့်ရရှိသည့်အတွက် ၀မ်းမြောက် ၀မ်းသာဖြစ်မိသည်ဟု သူကပြောသည်။

njr0601

ဆန္ဒပြရာတွင် “ရခိုင်ပြည်နယ်လွှတ်တော်ဆုံးဖြတ်ချက် အလေးအနက်ထားဆောင်ရွက်ရေး ဒို့အရေး၊ ကိုဖီအာနန်ဦးဆောင်သော အကြံပေးကော်မရှင် ဖျက်သိမ်းပေးရေး ဒို့အရေး”စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ပါ၀င်သူ မင်းဂံအကွက် ၂ မှ ဒေါ်မေဖြူကလည်း ကလည်း “ဒီကော်မရှင်ဖွဲ့စည်းမှုအဖေါ် ကျွန်မရင်ထဲမှာ တစ်မျိုးကြီးခံစားရပါတယ်။ ရခိုင်ပြည်သူအတွက် ကောင်းကျိုးဆိုတာ ရှိလာမှာ မဟုတ်ဘဲ ဆိုးကျိုးပဲ ရှိလာမယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါကြောင့် ဒီကော်မရှင်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုလိုပါတယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကိုဖီအာနန်ကော်မရှင်သည် အစိုးရဧည့်ဂေဟာ၌ ရခိုင်လူမှုအဖွဲ့အစည်းများနှင့် ယနေ့ နံနက်တွင် တွေ့ဆုံမည်ဟု သိရသည်။

သို့သော် စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်နှင့် တွေ့ဆုံမည်မဟုတ်ဟု နိုဝင်ဘာလ ၃၀ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...