ရခိုင်စာပီယဉ်ကျေးမှုဂျာနယ် နှင့် ရခိုင့်အသံ မီဒီယာ ဆိုင်းဘုတ်တင်ပွဲ စစ်တွေတွင်ပြုလုပ်

ရခိုင်စာပီယဉ်ကျေးမှုဂျာနယ် နှင့် ရခိုင့်အသံ မီဒီယာ ဆိုင်းဘုတ်တင်ပွဲ စစ်တွေတွင်ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်စာပီယဉ်ကျေးမှု ဂျာနယ်နှင့် ရခိုင့်အသံမီဒီယာ ဆိုင်းဘုတ်တင်ပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ယင်းဆိုင်းဘုတ်တင်ပွဲကို အခမ်းအနားတစ်ရပ်ဖြင့် အမှတ် ၂၀၂ ၊ မင်းဗာကြီးလမ်း၊ ဘောက်သီးစုရပ်ကွက် စစ်တွေမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

njr151

“ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ဇာတိ ညီအကို မောင်နှမ နှစ်ယောက်က ဂျာနယ်နှစ်စောင်ကို ထုတ်ဝေ နေကြပါတယ်။ ဒီဂျာနယ်တွေကို ဆရာတွေ၊ ဆရာတော်တွေရဲ့ အကူအညီ မျက်စိဖွင့်ပေးမှုနဲ့ အထောက်အပံ့တွေနဲ့ ၂၀၁၂ ခုနှစ်ကနေ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီနေ့ဆိုရင် ဆိုင်းဘုတ်တင်ပွဲကို စစ်တွေမြို့မှာ ပြုလုပ်နိုင်ခဲ့ပြီးတော့ နောက်လည်း ရုံးဖွင့်နိုင်အောင် ကြိုးစားသွားပါမယ်။ ဒီရခိုင်စာပီယဉ်ကျေးမှု ဂျာနယ်ကို ရခိုင်အမျိုးသား လွတ်မြောက်ရေးနဲ့ သတင်းနည်းပညာတိုးပွားရေး ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်”ဟု ရခိုင်စာပီယဉ်ကျေးမှုဂျာနယ် အယ်ဒီတာချုပ် မောင်လှိုင်(လမု) က အဖွင့် အမှာစကားပြောကြားရာတွင် ပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ ပညာစာရ၊ ရခိုင်သမိုင်းသုတေသီ ဆရာကြီးဦးမောင်ဗသိန်း၊ စာရေးဆရာ ဆရာ စစ်တွေသိန်းနောင်နှင့် ကဗျာဆရာ ဆရာစစ်တွေညိုသန့်တို့ကလည်း အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။

“အလုပ်တစ်ခုကို လုပ်တဲ့နေရာမှာ ကြီးတယ် ငယ်တယ်လို့ မဟုတ်ဘူး၊ ကိုယ်လုပ်တဲ့အလုပ်ကို အလေးထား လုပ်ဆောင်မှ အောင်မြင်မှုကို ရမယ်။ ရခိုင်လူမျိုးတွေဟာ ဒီနေ့အချိန်အခါမှာ ကြိုးစားလုပ်ဆောင်မှုတွေ ရှိလာကြပြီးတော့ ဆုံမှတ်တစ်ခုမှာ မကြာမီ ဆုံနိုင်ကြပြီးတော့ အောင်မြင်မှုကို ရနိုင်မယ်၊ ရခိုင်အမျိုးသား လွတ်မြောက်လာမယ်လို့ ယုံကြည်ပါတယ်”ဟု ရမ္မာဝတီ ပညာစာရက ပြောကြားခဲ့သည်။

njr1502

ဂျာနယ်တစ်ခု အောင်မြင်ရန်အတွက် စာမူရရှိရေးနှင့် ဖြန့်ချိရေးသည် အရေးပါကြောင်း၊ ၀ိုင်းဝန်းကူညီပြီး ရခိုင်စာပေ ရှင်သန်လာမှုကို အလေးထားစေလိုကြောင်း၊ အခြားလူမျိုးများနှင့် နှိုင်းယှဉ်ပါက ရခိုင်တွင် ဂျာနယ်ထုတ်ဝေမှု အားနည်းနေသေးကြောင်း၊ ချင်းပြည်နယ်၌ပင် ဂျာနယ်အစောင် ၄၀ ခန့်ကို ထုတ်ဝေလျက်ရှိပြီး၊ ယင်းသို့ ထုတ်ဝေရာတွင် ချင်းဘာသာဖြင့် အစောင် ၁၀ ကျော်၊ အင်္ဂလိပ်ဘာသာဖြင့် အစောင် ၁၀ ကျော်နှင့် မြန်မာဘာသာဖြင့် အစောင် ၁၀ ကျော်တို့ကို ထုတ်ဝေနေသည်ကို လေ့လာသိရှိရကြောင်း ဆရာတော်က ပြောကြားခဲ့သည်။

ဆရာကြီးဦးမောင်ဗသိန်းကလည်း မောင်လှိုင်(လမု)၏ ဂျာနယ်ထုတ်ဝေမှုသည် စွန့်စားသည့်လုပ်ရပ်ဖြစ်ကြောင်း၊ ဂျာနယ် ရေရှည်တည်တံ့ဖို့လိုအပ်ကြောင်း၊ ပရိသတ်အားပေးမှုကို ရရှိပြီး၊ အောင်မြင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ အောင်မြင်ပါစေဟု ဆုတောင်းပေးကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားကို ညနေ ၄ နာရီတွင် စတင်ပြီး၊ ၅ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သစ်တော သတ္တုနှင့် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးကျော်လွင်၊ စာရေးဆရာများ၊ စာပေဝါသနာရှင်များနှင့် မီဒီယာများ စုစုပေါင်း ၄၀ ခန့် တက်ရောက်ခဲ့ကြသည်။

ရခိုင်စာပီယဉ်ကျေးမှုဂျာနယ်သည် ရခိုင်စာအရေးအသားဖြင့် ထုတ်ဝေနေသော ဂျာနယ်တစ်စောင်ဖြစ်သည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...