ကုလနှင့် နိုင်ငံတကာသံအဖွဲ့ မောင်တောမြို့နယ်တောင်ပိုင်းသို့ သွားရောက်

ကုလနှင့် နိုင်ငံတကာသံအဖွဲ့ မောင်တောမြို့နယ်တောင်ပိုင်းသို့ သွားရောက်
by -
နိရဥ္စရာ
ဓာတ်ပုံ- ဖိုးထူး
ဓာတ်ပုံ- ဖိုးထူး
ကုလ သမဂ္ဂ တာဝန်ရှိသူများနှင့် နိုင်ငံတကာ သံတမန်များသည် ယနေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် စစ်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ မောင်တောမြို့နယ် တောင်ပိုင်းသို့ နေ့ချင်းပြန် သွားရောက် ခဲ့ကြသည်ဟု သတင်းရရှိသည်။

ယနေ့ မောင်တောသို့ သွားရောက်ခဲ့သူများ အထဲတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata ၊ အမေရိကန် ၊ ဗြိတိန်၊ အီးယူ၊ အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ တရုတ်၊ တူရကီ စသည့်နိုင်ငံ ၈ နိုင်ငံမှ သံအမတ်ကြီးများအတူ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပု၊ ၀န်ကြီး ဦးအောင်ကျော်ဇံတို့လည်း အတူ လိုက်ပါခဲ့ကြောင်း သိရသည်။

nrj0501

သွားရောက်ခဲ့သော နေရာများမှာ မောရဝတီ၊ အလယ်သံကျော်နှင့် ယခင်ကျေးရွာအနီးရှိ ဘင်္ဂလီကျေးရွာနှစ်ခုသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

“ မောရဝတီကို စစ်ရဟတ်ယာဉ်နဲ့ ပထမလာပါတယ်။ မောရဝတီ ရခိုင်ရွာ၊ ဇော်မတက် ဘင်္ဂလီရွာ၊ အလယ်သံကျော်ရွာက ရခိုင်၊ဘင်္ဂလီ နှစ်ဖက်လုံးနဲ့တွေ့ခဲ့ပါတယ်။အဲဒီနောက် ကားတန်းနဲ့ အလယ်သံကျော်ရွာအနီးက ဘင်္ဂလီကျေးရွာ နှစ်ရွာကို သွားရောက်ခဲ့ပါတယ်” ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောကြားသည်။

ယခုအခါ ၎င်းသံတမန်အဖွဲ့မှာ စစ်တွေသို့ ပြန်သွားကြသည်ဟု သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...