ရခိုင်ပြည်နယ်လွှတ်တော်တွင် ဖက်ဒရယ်ရေးရာ ဖိုရမ်ပြုလုပ်

ရခိုင်ပြည်နယ်လွှတ်တော်တွင် ဖက်ဒရယ်ရေးရာ ဖိုရမ်ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေအကြံပေးရုံးခန်းမ၌ ဖက်ဒရယ်ရေးရာနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးမှု ဖိုရမ်တစ်ရပ်ကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်မှ ညနေပိုင်းထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းဖိုရမ်သို့ ရခိုင်ပြည်နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအပြင် လွှတ်တော် ဥပဒေအကြံပေးများ၊ ပါတီများမှ လူငယ်များ၊ စိတ်ပါ၀င်စားသည့် ၀န်ထမ်းများနှင့် ပြင်ပမှ လူငယ်များ အပါအဝင် ၆၀ ခန့် တက်ရောက်ခဲ့သည်ဟု မြေပုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

narinjara3102“ကျွန်တော်တို့ လွှတ်တော်မှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ ပြုလုပ်နေတာက ၃ ရက်တာ ဖိုရမ် ဖြစ်ပါတယ်။ ဒီနေ့ ပထမနေ့မှာတော့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး မိတ်ဆက်တဲ့ အဆင့်ပါ။ အဓိက ဒီကနေ့ ဆွေးနွေးသွားတာကတော့ ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိအနေအထားက နေပြီးတော့ နောက်ထပ် ၅ နှစ်လောက်အတွင်းမှာ ဖက်ဒရယ်စနစ်ကို ပြောင်းလဲမယ်ဆိုရင် ဘာတွေက အခြေခံလိုအပ်ချက်တွေလဲ ဆိုတာနဲ့ပတ်သက်ပြီး အချက်သုံးချက်စီကို အုပ်စုဖွဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဖက်ဒရယ်နဲ့ ဗဟိုချုပ်ကိုင်မှု အာဏာလျှော့ချရေးအပိုင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ကတော့ အကြမ်းဖျင်း သဘောလောက်ပါပဲ”ဟု ဦးအောင်ဝင်းကပြောသည်။

အဆိုပါဖိုရမ်၌ သင်တန်းဆရာအဖြစ် အိန္ဒိယနိုင်ငံမှတစ်ဦး၊ ကနေဒါနိုင်ငံမှ တစ်ဦးနှင့် မလေးရှားနိုင်ငံမှ တစ်ဦးတို့ပါ၀င်ပြီး ဘာသာပြန်အဖြစ် ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးခိုင်ကျော်မိုးက တာဝန်ယူ ပြုလုပ်နေသည်ဟု သိရသည်။

ဖက်ဒရယ်နှင့်ပတ်သက်သော ဖိုရမ်ကို အောက်တိုဘာလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင်လည်း နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ ပြုလုပ်သွားမည်ဖြစ်သည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...