ရန်ကုန်လေဆိပ်အတွင်းသို ့ခိုးဝင်သည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား တစ်ဦး ဖမ်းမိ

ရန်ကုန်လေဆိပ်အတွင်းသို ့ခိုးဝင်သည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား တစ်ဦး ဖမ်းမိ
by -
နိရဥ္စရာ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အတွင်းသို့ ခိုးဝင်ရန် ကြိုးစားနေသည်ဆိုသော ဘင်္ဂလီအမျိုးသားတစ်ဦးကို အောက်တိုဘာ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ ကြောင်း MOI သတင်း အရ သိရသည်။

၎င်းဖမ်းဆီးခံရသူမှာ Mr.Mohammad Hanifuz Zaman (၃၃ နှစ်) ဖြစ်ပြီး နိုင်ငံကူး လက်မှတ် (AD- 1308810)ကိုင်ဆောင်ထားသူဖြစ်ကာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားဖြစ်ကြောင်း သိရသည်။

14670826 အောက်တိုဘာ ၂၅ ရက် နေ့ညနေ ၆ နာရီ ၁၅ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ရောက်/ ထွက်ခွာဆောင် အသစ်(Terminal-3) ဆောက်လုပ်ဆဲ အဆောက်အအုံသစ်အနီး၌ မသင်္ကာဖွယ်ရာ ၎င်း ဘင်္ဂလာဒေ့ရှ်နိုင်ငံသားကို အစောင့်ဝန်ထမ်း ကတွေ့ရှိ၍ မေးမြန်းခဲ့ပြီးနောက် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းဘင်္ဂလာဒေ့ရှ်နိုင်ငံသားမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့မှ နိုဗိုအဲယာဖြင့် ရန်ကုန်သို့ အောက်တိုဘာလ ၂၅ ရက် နေ့လယ်ပိုင်းက ၀င်ရောက်လာသူဖြစ်ပြီး ရန်ကင်းမြို့နယ်ရှိ Real Link မိုတယ်တွင် အခန်းငှားပြီး ရန်ကုန် လေဆိပ်သို့ ပြန်လာကြောင်းသိရသည်။

ဆောက်လုပ်ဆဲ Terminal 3 အနီးမှ နိုင်ငံခြားကပို့သည့် ပစ္စည်းများ ရွေးသည့် နေရာသို့ ဝင်လိုက်ပြီးလျှင် Custom Ware- house ထဲကို မဝင်ဘဲ ဘေးက ထွက်ပြီး လေဆိပ်ထဲရှိ ပစ္စည်းများ ပို့သည့် အဝင်အထွက်လမ်းထဲသို့ ဝင်လာကြောင်း၊ အပေါက်ဝလေးကို ကျော်လိုက်သည့် အချိန်တွင် လေယာဉ်ပေါ်က ချသည့် ပစ္စည်းများကလည်း ပုံနေကြာင်း၊ ထိုသို့ ရှုပ်ထွေးနေသည့် အနေအထားကို အခွင့်ကောင်းယူပြီး မယောင်မလည်ဖြင့် ဝင်လာကြောင်း၊ အစောင့်ကမေးမြန်းသောအခါ မြန်မာစကား မပြောတတ်ကြောင်း၊ သို့အတွက် ဖမ်ဆီးပြီး လေဆိပ်လုံခြုံရေးတာဝန်ယူထားသည့် လေကြောင်းရဲတပ်ဖွဲ့ကို အပ်နှံခဲ့ကြောင်း၊ ယခုအခါ သူ့အားစစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအုန်းလွင်ကို ကိုးကားပြီး MOI သတင်းတွင် ဖော်ပြထားသည်။

နောက်ပိုင်းတွင် လေဆိပ်လုံခြံုရေးကို တိုးမြှင့်လိုက်ပြီး လေဆိပ်အနီးဝန်းကျင်တွင် မိုင်းရှာဖွေရေးကရိယာများဖြင့် ရှာဖွေသော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မတွေ့ရကြောင်း သိရှိ ရသည်။

ဖမ်းမိသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား/ ဓာတ်ပုံ- MOI

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...