“ ဟိုတစ်နေ့က ပေါက်ကွဲတာက နင်းမိုင်းနှစ်လုံးပါ။ မနေ့က ပေါက်ကွဲတာက တိုက်မိုင်းပါ။ အခု ဖြစ်စဉ်မှာတော့ ရဲဘော်တစ်ဦး အနည်းငယ် ဒဏ်ရာရတာကလွဲပြီး ဘာမှ ဖြစ်တာ မရှိပါ” ဟု ဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။
ယခု မိုင်းထောင်ခြင်းနှင့် ပတ်သက်ပြီး ALP က ထောင်ထားသော မိုင်းဖြစ်ကြောင်း၊ ယခင်နှစ်လုံးပေါက်ကွဲခဲ့သော နှင်းမိုင်းများမှာလည်း ALP မှ ထောင်ထားသောမိုင်းများ ဖြစ်ကြောင်း၊ ယခင်မိုင်းနှစ်လုံးပေါက်ကွဲခြင်းနှ််င့် ပတ်သက်၍ ALP က အကြောင်းပြန်ကြားသည်မှာ ယခင် ဘင်္ဂလာစစ်တပ်နှင့် ALP အကြား တိုက်ပွဲများဖြစ်ပွားပြီးကတည်းက ယင်းဒေသတွင် မိုင်းအချို့ ထောင်ထားတာ ရှိသည်ဟု အကြောင်း ပြန်ထားကြောင်း ဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။
သို့သော်လည်း ယခုမိုင်းများမှာ ALP မှ ပြောသလို မိုင်းအဟောင်းများ ဟုတ်/ မဟုတ်ကို ဆက်လက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သူက ဆက်လက် ပြောကြားသည်။
ယခုလက်ရှိ အချိန်တွင် အဖွဲ့အစည်းနှစ်ခုအကြား မိုင်းပေါက်ကွဲခြင်းနှင့် ပတ်သက်ပြီး တရားဝင် ပြောဆို ဆွေးနွေးမှုများ မရှိသေးကြောင်း သတင်း ရရှိသည်။
ပထမအကြိမ် ဖြစ်စဉ်က တွေ့ရသော မိုင်းတစ်လုံး







