ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား အောက်တိုဘာ ၂၁ ရက်နေ့ နောက်ဆုံးထား၍ စစ်တွေမြို့သို့ အရောက်လာရန် ခေါ်ဆောင်ထားပြီး လွှတ်တော် အစည်းအဝေးကို အောက်တိုဘာလ ၂၄ ရက် တနင်္လာနေ့တွင် စတင်မည်ဟု သိရသည်။
“ အဓိကတော့ လုံခြံုရေးဆိုင်ရာ ကိစ္စရပ်တွေကို တိုင်ပင်ဆွေးနွေးပြီး တိုင်းရင်းသားကျေးရွာတွေ လုံခြံုရေး ရရှိရေး၊ ရခိုင်တိုင်းသားကျေးရွာတွေ မပြိုပျက်သွာရေး ကိစ္စတွေကို အဓိကဆွေးနွေးပြီး ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရတွေကို တိုက်တွန်းတဲ့ အဆိုတွေ တင်သွင်းနိုင်အောင် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်” ဟု ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောသည်။
ယခုရခိိုင်ပြည်နယ် အရေးပေါ် လွှတ်တော် အစည်းအဝေးအား ခေါ်ယူရန် လွှတ်တော် ဥက္ကဋ္ဌမှ စာထုတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။







