ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ

ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် တွင် ပေါ်ပေါက်နေသော အရေးကိစ္စများကို တိုင်ပင် ဆွေးနွေးရန်အတွက် ရခိုင်ပြည်နယ် လွှတ်တော်ကို အရေးပေါ် ခေါ်ယူလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား အောက်တိုဘာ ၂၁ ရက်နေ့ နောက်ဆုံးထား၍ စစ်တွေမြို့သို့ အရောက်လာရန် ခေါ်ဆောင်ထားပြီး လွှတ်တော် အစည်းအဝေးကို အောက်တိုဘာလ ၂၄ ရက် တနင်္လာနေ့တွင် စတင်မည်ဟု သိရသည်။

“ အဓိကတော့ လုံခြံုရေးဆိုင်ရာ ကိစ္စရပ်တွေကို တိုင်ပင်ဆွေးနွေးပြီး တိုင်းရင်းသားကျေးရွာတွေ လုံခြံုရေး ရရှိရေး၊ ရခိုင်တိုင်းသားကျေးရွာတွေ မပြိုပျက်သွာရေး ကိစ္စတွေကို အဓိကဆွေးနွေးပြီး ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရတွေကို တိုက်တွန်းတဲ့ အဆိုတွေ တင်သွင်းနိုင်အောင် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်” ဟု ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောသည်။

ယခုရခိိုင်ပြည်နယ် အရေးပေါ် လွှတ်တော် အစည်းအဝေးအား ခေါ်ယူရန် လွှတ်တော် ဥက္ကဋ္ဌမှ စာထုတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...