ဝပိတ်နယ်ခြားစောင့်ရဲကင်းစခန်းမှ ကျဆုံးခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦးအလောင်း မောင်တောဆေးရုံသို့ရောက်ရှိ

ဝပိတ်နယ်ခြားစောင့်ရဲကင်းစခန်းမှ ကျဆုံးခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦးအလောင်း မောင်တောဆေးရုံသို့ရောက်ရှိ
by -
နိရဥ္စရာ
နိရဥ္စရာ၊အောက်တိုဘာ ၉  မောင်တောမြို့နယ် ကျီးကန်ပြင်အနီရှိ ၀ပိတ်ကျေးရွာစခန်းမှ ကျဆုံးခဲ့သော နယ်ခြားစောင့်တပ် ဖွဲ့အလောင်း ၅လောင်း မောင်တောမြို့နယ်ဆေးရုံသို့ ရောက်ရှိလာကြောင်းသိရသည်။

မောင်တောမြို့နယ် နယ်ခြားစောင့်ရဲ ဌာနချုပ်(ကျီးကန်းပြင်) တိုက်ခိုက်ခံခဲ့ရပြီးနောက် နယ်မြေရှင်းလင်းရာ ကျီးကန်းပြင် အနီးရှိ ဝပိတ်ကျေးရွာ စခန်းမှ တပ်သား ငါးဦးကို သေဆုံးလျက်ရှိသည်ဟု သိရသည်။

လက်ရှိ သတင်းအရ တပ်မတော်မှ နယ်မြေရှင်းလင်းမှုများပြုလုပ်နေပြီး RSO အဖွဲ့နှင့် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေသည်ဟု ဆိုသည်။

မောင်တောမြို့နယ် နယ်ခြားစောင့်ရဲ ဌာနချုပ်(ကျီးကန်းပြင်)တည်ရှိရာ အနီး ဝပိတ်ကျေးရွာတွင် လက်ရှိ နယ်စပ်လုံခြံုရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် ပစ်ခတ်မှုများ ရှိနေကြောင်း ၎င်းအနီးအနားသို့ ရောက်နေသူ သတင်းထောက်များက ပြောကြားသည်။

“ကျွန်တော်တို့သိသလောက်တော့ မနက်က စတိုက်ကတည်းက ဒီဝပိတ်က စတင်ပစ်ခတ်တိုက်တယ်။ အဲဒီကတည်းက ကျဆုံးခဲ့တယ်လို့ယူဆ တယ်။ ဒါပေမယ့် အခု နယ်မြေရှင်းလင်းရေးလုပ်နေရာမှာ လည်း ဒီဝပိတ်ဘင်္ဂလီရွာက ခုခံတိုက်ခိုက်မှုတွေရှိနေပါတယ်” ဟုဆိုသည်။

နေမြေရှင်းလင်းရေးလုပ်နေစဉ်  ပစ်ခတ်မှုများရှိနေပြီး စုစုပေါင်း နယ်ခြားစောင့် ရဲတပ်သားကျဆုံးမှု  ၁၀ဦး ခန့် ရှိသွားပြီ ဖြစ်ကြောင်းသိရသည်။ RSO ဘက်က အကျအဆုံး မည်မျှရှိသည်ကို နယ်ခြားစောင့်တပ်ဖွဲ့က များမကြာမီ ထုတ်ပြန်မည်ဟု သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...