မောင်တောမြို့နယ် နယ်ခြားစောင့်ရဲ ဌာနချုပ်(ကျီးကန်းပြင်) တိုက်ခိုက်ခံခဲ့ရပြီးနောက် နယ်မြေရှင်းလင်းရာ ကျီးကန်းပြင် အနီးရှိ ဝပိတ်ကျေးရွာ စခန်းမှ တပ်သား ငါးဦးကို သေဆုံးလျက်ရှိသည်ဟု သိရသည်။
လက်ရှိ သတင်းအရ တပ်မတော်မှ နယ်မြေရှင်းလင်းမှုများပြုလုပ်နေပြီး RSO အဖွဲ့နှင့် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေသည်ဟု ဆိုသည်။
မောင်တောမြို့နယ် နယ်ခြားစောင့်ရဲ ဌာနချုပ်(ကျီးကန်းပြင်)တည်ရှိရာ အနီး ဝပိတ်ကျေးရွာတွင် လက်ရှိ နယ်စပ်လုံခြံုရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် ပစ်ခတ်မှုများ ရှိနေကြောင်း ၎င်းအနီးအနားသို့ ရောက်နေသူ သတင်းထောက်များက ပြောကြားသည်။
“ကျွန်တော်တို့သိသလောက်တော့ မနက်က စတိုက်ကတည်းက ဒီဝပိတ်က စတင်ပစ်ခတ်တိုက်တယ်။ အဲဒီကတည်းက ကျဆုံးခဲ့တယ်လို့ယူဆ တယ်။ ဒါပေမယ့် အခု နယ်မြေရှင်းလင်းရေးလုပ်နေရာမှာ လည်း ဒီဝပိတ်ဘင်္ဂလီရွာက ခုခံတိုက်ခိုက်မှုတွေရှိနေပါတယ်” ဟုဆိုသည်။
နေမြေရှင်းလင်းရေးလုပ်နေစဉ် ပစ်ခတ်မှုများရှိနေပြီး စုစုပေါင်း နယ်ခြားစောင့် ရဲတပ်သားကျဆုံးမှု ၁၀ဦး ခန့် ရှိသွားပြီ ဖြစ်ကြောင်းသိရသည်။ RSO ဘက်က အကျအဆုံး မည်မျှရှိသည်ကို နယ်ခြားစောင့်တပ်ဖွဲ့က များမကြာမီ ထုတ်ပြန်မည်ဟု သိရသည်။







