ရခိုင်သတင်းထောက်အသင်း AJA ဖွဲ့ရန် စီစဉ်

ရခိုင်သတင်းထောက်အသင်း AJA ဖွဲ့ရန် စီစဉ်
by -
နိရဥ္စရာ
ရခိုင်သတင်းထောက်အဖွဲ့  (Arakan Journalist Association- AJA ) ကို ဖွဲ့စည်းရန် ရခိုင်သတင်းသမားများက ကြိုးပမ်းစီစဉ်နေကြောင်း သတင်း ရရှိသည်။

ထိုသို့ဖွဲ့စည်းနိုင်ရန် အကြိုဆွေးနွေးပွဲ တစ်ရပ်ကို ရခိုင်သတင်းထောက်များမှ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီတွင် စစ်တွေမြို့ရှုခင်းသာလမ်း Stard Hotel ပြုလုပ်သွားမည်ဟု သိသည်။

၎င်းအစည်းအဝေးတွင် ရခိုင်သတင်းထောက် အဖွဲ့ကို ဖွဲ့စည်းနိုင်ရေး အတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာ ၂၃ ရက်နေ့တွင်  ရန်ကုန်နှင့် စစ်တွေမြို့တို့တွင် တစ်ပြိုင်တည်း ဖွဲ့စည်းနိုင်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းများ ရရှိသည်။

စစ်တွေမြို့တွင် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြုလုပ်မည့် အစည်းအဝေးသို့ စစ်တွေရှိ သတင်းထောက်များကိုသာမက အခြားနယ်မြို့များရှိ သတင်းထောက်များကိုလည်း တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...