Published
Monday, October 10, 2016
ရခိုင်သတင်းထောက်အသင်း AJA ဖွဲ့ရန် စီစဉ်
ရခိုင်သတင်းထောက်အဖွဲ့ (Arakan Journalist Association- AJA ) ကို ဖွဲ့စည်းရန် ရခိုင်သတင်းသမားများက ကြိုးပမ်းစီစဉ်နေကြောင်း သတင်း ရရှိသည်။
ထိုသို့ဖွဲ့စည်းနိုင်ရန် အကြိုဆွေးနွေးပွဲ တစ်ရပ်ကို ရခိုင်သတင်းထောက်များမှ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီတွင် စစ်တွေမြို့ရှုခင်းသာလမ်း Stard Hotel ပြုလုပ်သွားမည်ဟု သိသည်။
၎င်းအစည်းအဝေးတွင် ရခိုင်သတင်းထောက် အဖွဲ့ကို ဖွဲ့စည်းနိုင်ရေး အတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာ ၂၃ ရက်နေ့တွင် ရန်ကုန်နှင့် စစ်တွေမြို့တို့တွင် တစ်ပြိုင်တည်း ဖွဲ့စည်းနိုင်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းများ ရရှိသည်။
စစ်တွေမြို့တွင် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြုလုပ်မည့် အစည်းအဝေးသို့ စစ်တွေရှိ သတင်းထောက်များကိုသာမက အခြားနယ်မြို့များရှိ သတင်းထောက်များကိုလည်း တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။







