ရခိုင်သတင်းထောက်အသင်း AJA ဖွဲ့ရန် စီစဉ်

ရခိုင်သတင်းထောက်အသင်း AJA ဖွဲ့ရန် စီစဉ်
by -
နိရဥ္စရာ
ရခိုင်သတင်းထောက်အဖွဲ့  (Arakan Journalist Association- AJA ) ကို ဖွဲ့စည်းရန် ရခိုင်သတင်းသမားများက ကြိုးပမ်းစီစဉ်နေကြောင်း သတင်း ရရှိသည်။

ထိုသို့ဖွဲ့စည်းနိုင်ရန် အကြိုဆွေးနွေးပွဲ တစ်ရပ်ကို ရခိုင်သတင်းထောက်များမှ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီတွင် စစ်တွေမြို့ရှုခင်းသာလမ်း Stard Hotel ပြုလုပ်သွားမည်ဟု သိသည်။

၎င်းအစည်းအဝေးတွင် ရခိုင်သတင်းထောက် အဖွဲ့ကို ဖွဲ့စည်းနိုင်ရေး အတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာ ၂၃ ရက်နေ့တွင်  ရန်ကုန်နှင့် စစ်တွေမြို့တို့တွင် တစ်ပြိုင်တည်း ဖွဲ့စည်းနိုင်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းများ ရရှိသည်။

စစ်တွေမြို့တွင် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြုလုပ်မည့် အစည်းအဝေးသို့ စစ်တွေရှိ သတင်းထောက်များကိုသာမက အခြားနယ်မြို့များရှိ သတင်းထောက်များကိုလည်း တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...