စစ်တွေမြို့ ဝေသာလီအားကစားကွင်းအနီးရှိ မိုးကုတ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယနေ့ ကျင်းပ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ထိိုသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
"ကျွန်တော်တို့ ခုလိုလမ်းလျှောက်ချီတက်ပွဲကို အောက်တိုဘာ ၃၁ ရက်နေ့ မှာ စတင်ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ စစ်တွေကနေ ကျောက်ဖြူကို ၈ ရက်တိတိကြာမြှင့်မှာ ဖြစ်ပါတယ်။ လမ်းတစ်လျှောက်ရှိ မြို့တွေ၊ ကျေးရွာတွေမှာလည်း ရခိုင်သယံဇာတ ရခိုင်တို့ ခွဲဝေသုံးစွဲခွင့်ရရေးအတွက် ပြည်သူတွေကို ဟောပြော စည်းရုံးမှုတွေလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ရခိုင့်သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဦးထွန်းကြည်က ပြောသည်။
ရခိုင့်သယံဇာတနဲ့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ စက်တင်ဘာ ၁၂ ရက်နေ့က ရန်ကုန်တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲတွင် ရခိုင်သဘာဝသယံဇာတ ခွဲဝေ သုံးစွဲခွင့်ရရေးနှင့် မြေယာပိုင်ဆိုင်ခွင့်အတွက် ကိုယ်ပိုင် ပြဌာန်းခွင့်များ ရရှိရေးအတွက် စစ်တွေမှ ကျောက်ဖြူသို့ လူထု ချီတက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
၎င်းကြေညာချက် နောက်ဆက်တွဲ အဖြစ် ယနေ့တွင် လူပေါင်း ၃၀ တက်ရောက် အစည်းအဝေးက လူထုချီတက်ပွဲကို အောက်တိုဘာ ၃၁ ရက်နေ့တွင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။







