ရခိုင်သယံဇာတအတွက် မိုင် ၃၀၀ ကျော်လမ်းလျှောက်ချီတက်ပွဲ အောက်တိုဘာ ၃၁ ရက်နေ့ စတင်မည်

ရခိုင်သယံဇာတအတွက် မိုင် ၃၀၀ ကျော်လမ်းလျှောက်ချီတက်ပွဲ အောက်တိုဘာ ၃၁ ရက်နေ့ စတင်မည်
by -
နိရဥ္စရာ
ရခိုင်သဘာဝသယံဇာတ ခွဲဝေသုံးစွဲခွင့်ရရေးနှင့် မြေယာပိုင်ဆိုင်ခွင့်အတွက် ကိုယ်ပိုင် ပြဌာန်းခွင့်များ  ရရှိရေးအတွက် စစ်တွေမြို့မှ ကျောက်ဖြူမြို့သို့ မိုင်ပေါင်း ၃၀၀ ကျော် လမ်းလျှောက် ချီတက်ပွဲ တစ်ခုကို အောက်တိုဘာ ၃၁ ရက်နေ့တွင် စတင်မည်ဟု သတင်းရရှိသည်။

စစ်တွေမြို့ ဝေသာလီအားကစားကွင်းအနီးရှိ မိုးကုတ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယနေ့ ကျင်းပ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ထိိုသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ခုလိုလမ်းလျှောက်ချီတက်ပွဲကို အောက်တိုဘာ ၃၁ ရက်နေ့ မှာ စတင်ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ စစ်တွေကနေ ကျောက်ဖြူကို ၈ ရက်တိတိကြာမြှင့်မှာ ဖြစ်ပါတယ်။ လမ်းတစ်လျှောက်ရှိ မြို့တွေ၊ ကျေးရွာတွေမှာလည်း ရခိုင်သယံဇာတ ရခိုင်တို့ ခွဲဝေသုံးစွဲခွင့်ရရေးအတွက် ပြည်သူတွေကို ဟောပြော စည်းရုံးမှုတွေလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု  ရခိုင့်သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဦးထွန်းကြည်က ပြောသည်။

ရခိုင့်သယံဇာတနဲ့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ စက်တင်ဘာ  ၁၂ ရက်နေ့က ရန်ကုန်တွင်  သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲတွင် ရခိုင်သဘာဝသယံဇာတ ခွဲဝေ သုံးစွဲခွင့်ရရေးနှင့် မြေယာပိုင်ဆိုင်ခွင့်အတွက် ကိုယ်ပိုင် ပြဌာန်းခွင့်များ  ရရှိရေးအတွက် စစ်တွေမှ ကျောက်ဖြူသို့ လူထု ချီတက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

၎င်းကြေညာချက် နောက်ဆက်တွဲ အဖြစ် ယနေ့တွင် လူပေါင်း ၃၀ တက်ရောက် အစည်းအဝေးက လူထုချီတက်ပွဲကို အောက်တိုဘာ ၃၁ ရက်နေ့တွင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...