ရခိုင်ပြည်နိုင်ငံရေးသုံးသပ်ရန် ယခင်ALD ပါတီဝင်ဟောင်းများ ကျောက်တော်တွင် အစည်းအဝေးပြုလုပ်မည်

ရခိုင်ပြည်နိုင်ငံရေးသုံးသပ်ရန် ယခင်ALD ပါတီဝင်ဟောင်းများ ကျောက်တော်တွင် အစည်းအဝေးပြုလုပ်မည်
by -
နိရဥ္စရာ
ပေါင်းစည်းစဉ်က ရခိုင်အမျိုးသားပါတီတွင် ပါ၀င်ခဲ့ပြီး နောက်ပိုင်း ပါတီမှ ထုတ်ပယ်ခံခဲ့ရသည့် ယခင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)  အဖွဲ့ဝင်ဟောင်းများက  “ ရခိုင်ပြည်နိုင်ငံရေးကို သုံးသပ်ရန်” ခေါင်းစဉ်ဖြင့် ကျောက်တော်မြို့တွင် အစည်းအဝေး တစ်ရပ်ကို အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

“ အဓိကတော့ ရခိုင်ပြည် လက်ရှိနိုင်ငံရေးကို သုံးသပ်ဖို့အတွက် အစည်းအဝေးခေါ်တာပါ။ ရခိုင် အမျိုးသားပါတီ ( ALD) က ဦးဆောင်ပြီး အစည်းအဝေး ခေါ်တာပါ။ လူပေါင်း ၁၀၀ ကျော် တက်ရောက်မှာ ဖြစ်ပါတယ်” ဟု ALD/ANP ပါတီခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဦးမျိုးကျော်က ပြောသည်။

အစည်းအဝေးသို့ တက်ရောက်ကြမည့်သူများမှာ ရခိုင်ပြည်နယ် မြို့နယ် (၁၇) မြို့နယ်မှ ကိုယ်စားလှယ်များ အပြင် ချင်းပြည်နယ် ပလက်ဝ၊ ဧရာဝတီတိုင်း၊ ရန်ကုန်၊ မန္တလေး၊ ပြည်ပ ဘန်ကောက်၊ အမေရိကန်ပြည်ထောင်စု တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြမည်ဟု သူက ပြောဆိုသည်။

ALD ပါတီအား ပြန်လည် ထူထောင်ရန် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသဖြင့် ပါတီထူထောင်ရေး ကိစ္စ ဆွေးနွေးပါမည်လားဟု မေးမြန်းရာ ဦးမျိုးကျော်က “ ရန်ကုန်မှာ ခေါင်းဆောင်တွေ ဆွေးနွေးတုန်းက ဒီကိစ္စကို သဘောတူထားတယ်။ ဒါကြောင့် ရခိုင်နိုင်ငံရေး အခြေအနေကို ဆွေးနွေးမယ်။ အဲဒီ အထဲမှာ ပါတီထူထောင်ရေး ကိစ္စလည်း ပါနိုင်ပါတယ်” ဟု ဦးမျိုးကျော်က ပြောသည်။

အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြမည်ဖြစ်ပြီး သတင်းသမားများအနေဖြင့် လွတ်လပ်စွာ သတင်းရယူနိုင်ကြောင်း သူက ဆက်လက် ပြောဆိုသွားသည်။

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...