မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်တွင် ရဟတ်ယာဉ် ပျက်ကျ၍ တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်တွင် ရဟတ်ယာဉ် ပျက်ကျ၍ တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ
by -
နိရဥ္စရာ
မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်  အိုကီယားမြို့နယ်တွင် အရပ်ဘက် ရဟတ်ယာဉ် တစ်စီး ပျက်ကျရာမှ တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

၎င်းရဟတ်ယာဉ်သည် သောကြာနေ့ နံနက် ၉ နာရီ ၃၀ က Ogilvy Bangladesh အေဂျင်စီ၏ ကြေငြာရိုက်ကူးနေစဉ် အိုကီးယားမြို့နယ် ပင်လယ်ကမ်းစပ် အနီးတွင် ပျက်ကျခဲ့သည်ဟု ဆိုသည်။

njr17011သေဆုံးသူမှာ ချာအလန် (၃၂) နှစ်ဖြစ်ပြီး ကော့စ်ဘဇားဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားကြောင်း သတင်းများတွင် ဖော်ပြသည်။ သူသည် Ogilvy Bangladesh အေဂျင်စီ၏ ငွေကြေးဘက်ဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယခု ရဟတ်ယာဉ်ပျက်ကျရာ အိုကီးယားမြို့နယ်သည် တက်ကနက်မြို့နှင့် ကော့စ်ဘဇားမြို့ အကြားတွင် တည်ရှိပြီး မြန်မာနိုင်ငံမှ မောင်တောမြို့ မြောက်ဘက်ခြမ်းနှင့် ထိစပ်တည်ရှိသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...