မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်တွင် ရဟတ်ယာဉ် ပျက်ကျ၍ တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်တွင် ရဟတ်ယာဉ် ပျက်ကျ၍ တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ
by -
နိရဥ္စရာ
မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်  အိုကီယားမြို့နယ်တွင် အရပ်ဘက် ရဟတ်ယာဉ် တစ်စီး ပျက်ကျရာမှ တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

၎င်းရဟတ်ယာဉ်သည် သောကြာနေ့ နံနက် ၉ နာရီ ၃၀ က Ogilvy Bangladesh အေဂျင်စီ၏ ကြေငြာရိုက်ကူးနေစဉ် အိုကီးယားမြို့နယ် ပင်လယ်ကမ်းစပ် အနီးတွင် ပျက်ကျခဲ့သည်ဟု ဆိုသည်။

njr17011သေဆုံးသူမှာ ချာအလန် (၃၂) နှစ်ဖြစ်ပြီး ကော့စ်ဘဇားဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားကြောင်း သတင်းများတွင် ဖော်ပြသည်။ သူသည် Ogilvy Bangladesh အေဂျင်စီ၏ ငွေကြေးဘက်ဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယခု ရဟတ်ယာဉ်ပျက်ကျရာ အိုကီးယားမြို့နယ်သည် တက်ကနက်မြို့နှင့် ကော့စ်ဘဇားမြို့ အကြားတွင် တည်ရှိပြီး မြန်မာနိုင်ငံမှ မောင်တောမြို့ မြောက်ဘက်ခြမ်းနှင့် ထိစပ်တည်ရှိသည်။

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...