ဘုရားဂေါပတစ်ဦး၏ ပြောကြားချက်အရ ယမန်နေ့က ညနေက ကားအစီးရေ ၄၀၀ မှ ၅၀၀ ကြားထိ ရောက်ရှိလာကြောင်း၊ ညဥ့်အချိန် ကောင်းကင်ပေါ်တွင် ပေါ်လာသော သိမ်တော်ပုံကို ဖူးမျှော်ရန် လူပေါင်း လေးငါးသောင်းခန့်က စောင့်ကြည့်ခဲ့ကြကြောင်း ပြောကြားသည်။
ကောင်းကင်ပေါ်တွင် သိမ်တော်ပုံများ ထင်ထင်ရှားရှား မြင်ရပြီး သိမ်တော်မှ မီးရောင်ကြောင့် ကောင်းကင်ပေါ်တွင် ပေါ်လာခြင်း မဟုတ်ဘဲ ထူးခြားဆန်းကြယ်မှု ရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူများ အကြား အမျိုးမျိုး ဝေဖန် ပြောဆိုမှုများရှိနေပြီး အဆိုပါ သတင်းကြောင့် မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ စစ်တွေတို့မှ ဗုဒ္ဓဘာသာဝင်များ နေ့စဉ် လာရောက်ကြသည်မှာ သုံးလေးရက်ခန့်ရှိပြီ ဖြစ်ကြောင်း ဘုရားဂေါပက တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဘုံပြသာဒ်ပေါ်သည်ဟု ဆိုသောကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေမြို့ အောင်မြေကုန်းကျောင်းတိုက်မှ သွားရောက်ဖူး မျော်ခဲ့သည့် အရှင်ဇောတက “ အဲဒီနေ့က ကိုယ်တော်အနေနဲ့ ၂ မိနစ်လောက်သာ မြင်ခဲ့ရပါတယ်။ပုံရိပ်ဖမ်းတယ်သဘောဆိုရင်လည်း မိုးရိပ်တွေ ရွေ့လျားနေရင်ပျောက်သွားရမှာပေါ့ အခုကမရွေ့သွားဘူး။ ည ၁၂ နာရီ ၂၀ မိနစ်လောက်မှာ မြင်တာပါ” ဟု ပြောသည်။
နိရဥ္စရာ သတင်းဌာနမှ အဆိုပါ သတင်းအား အတည်ပြုနိုင်ရန် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဖုန်းဆက်ရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ် မေးမြန်း တင်ပြနိုင်ခြင်း မရှိပါ







