မဟာမြတ်မုနိကုန်းတော် ကောင်းကင်တွင် ပုံတော်များပေါ်သည်ဆိုသော သတင်းကြောင့် လူသောင်းချီ လာရောက် ဖူးမျှော်

မဟာမြတ်မုနိကုန်းတော် ကောင်းကင်တွင် ပုံတော်များပေါ်သည်ဆိုသော သတင်းကြောင့် လူသောင်းချီ လာရောက် ဖူးမျှော်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိကုန်းတော် အထက် ကောင်းကင်တွင် ပြဿဒ်နှင့် အတူ သိမ်တော်၏ ပုံရိပ်များ ပေါ်လာသည်ဆိုသော သတင်းကြောင့် သောင်းနှင့်ချီသော ဗုဒ္ဓဘာသာဝင်များ လာရောက် ဖူးမျှော် နေကြသည်ဟု သတင်းရရှိသည်။

ဘုရားဂေါပတစ်ဦး၏ ပြောကြားချက်အရ ယမန်နေ့က ညနေက ကားအစီးရေ ၄၀၀ မှ  ၅၀၀ ကြားထိ ရောက်ရှိလာကြောင်း၊ ညဥ့်အချိန် ကောင်းကင်ပေါ်တွင် ပေါ်လာသော သိမ်တော်ပုံကို ဖူးမျှော်ရန် လူပေါင်း လေးငါးသောင်းခန့်က စောင့်ကြည့်ခဲ့ကြကြောင်း ပြောကြားသည်။

ကောင်းကင်ပေါ်တွင် သိမ်တော်ပုံများ ထင်ထင်ရှားရှား မြင်ရပြီး သိမ်တော်မှ မီးရောင်ကြောင့် ကောင်းကင်ပေါ်တွင် ပေါ်လာခြင်း မဟုတ်ဘဲ ထူးခြားဆန်းကြယ်မှု ရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူများ အကြား အမျိုးမျိုး ဝေဖန် ပြောဆိုမှုများရှိနေပြီး အဆိုပါ သတင်းကြောင့် မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ စစ်တွေတို့မှ ဗုဒ္ဓဘာသာဝင်များ နေ့စဉ် လာရောက်ကြသည်မှာ သုံးလေးရက်ခန့်ရှိပြီ ဖြစ်ကြောင်း ဘုရားဂေါပက တစ်ဦးက ပြောသည်။

njr1502

ယခုကဲ့သို့ ဘုံပြသာဒ်ပေါ်သည်ဟု ဆိုသောကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေမြို့ အောင်မြေကုန်းကျောင်းတိုက်မှ သွားရောက်ဖူး မျော်ခဲ့သည့် အရှင်ဇောတက “ အဲဒီနေ့က ကိုယ်တော်အနေနဲ့ ၂ မိနစ်လောက်သာ မြင်ခဲ့ရပါတယ်။ပုံရိပ်ဖမ်းတယ်သဘောဆိုရင်လည်း မိုးရိပ်တွေ  ရွေ့လျားနေရင်ပျောက်သွားရမှာပေါ့ အခုကမရွေ့သွားဘူး။ ည ၁၂ နာရီ ၂၀ မိနစ်လောက်မှာ မြင်တာပါ” ဟု ပြောသည်။

နိရဥ္စရာ သတင်းဌာနမှ အဆိုပါ သတင်းအား အတည်ပြုနိုင်ရန် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဖုန်းဆက်ရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ် မေးမြန်း တင်ပြနိုင်ခြင်း မရှိပါ

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...