ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖျက်သိမ်းရေး လူပ်ရှားမှု ကော်မတီဖွဲ့စည်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖျက်သိမ်းရေး လူပ်ရှားမှု ကော်မတီဖွဲ့စည်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖျက်သိမ်းပေးရေး လူပ်ရှားမှု ကော်မတီ တစ်ခုကို သြဂုတ် ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ဖွဲ့စည်းရသည့် အကြောင်းအရာများထဲတွင် ပါ၀င်သော အချက်များမှာ ရခိုင်ပြည်နယ်အရေးသည် တိုင်းရင်းသားကိစ္စဖြစ်သဖြင့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်၍ အဖြေရှာရမည်ဟု ယုံကြည်ကြောင်းဖော်ပြပါရှိသည်။

၎င်းအပြင် ပြည်တွင်းရေး ကိစ္စအား ပြည်ပနိုင်ငံများ အလိုကျ လိုက်ပါဖော်ဆောင်ခြင်းသည် မလိုလား အပ်သော ပဋိပက္ခများ ပေါ်ပေါက်လာနိုင်ပြီး၊ အချုပ်အခြာအာဏာကို ထိပါးနိုင်စေသည့်အပြင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ယုံကြည်မှုကို ပျက်ပြားစေနိုင်ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ကိုဖီအာနန်အပါအဝင် တိုင်းရင်းသား မဟုတ်သည့် ပုဂ္ဂိုလ်များအား တာဝန် ပေးအပ်ခြင်းအပေါ် လုံးဝ အယုံအကြည်မရှိကြောင်း စသဖြင့် ဆက်လက်ဖော်ပြထားသည်။

သတင်းမီဒီယာများ အနေဖြင့် အောက်ပါပုဂ္ဂိုလ်များမှ တစ်ဆင့်  ဆက်သွယ်မေးမြန်းနိုင်သည်ဟုသိရှိရသည်။

FB IMG 1472393670111

၁။ ဆရာတော်ဦးကေသရ (09254484536)၂။ ဆရာတော်ဦးဣန္ဒာဝုဓ (09782214180) ၃။ ဆရာတော်ဦးသုစိတ္တ (09420055308) ၄။ ကိုဖိုးသား (09420752871) ၅။ ကိုဝင်းကိုကိုလတ် (0979 344 0969)  ၆။ ကိုနောင်တော်လေး (09790975969) တို့ဖြစ်သည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...