ယခင်တိုင်းမှူးအောင်လင်းဒွေးအား မည်သည့်နေရာတွင် တာဝန် ခန့်အပ်သည်ကို မသိရှိရသေးပါ။
သြဂုတ်လ ၂၆ ရက် ယနေ့ နံနက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ တပ်မတော်က တိုးမြှင့်ပြောင်းလဲ ခန့်ထားသည့် ရာထူးတာဝန်များမှာ ညှိနှိုင်းကွပ်ကဲရေးမှုး (ကြည်း၊ရေ၊လေ) အဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ခန့်အပ်လိုက်ပြီး စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ တပ်မတော် စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိချုပ်ဖြစ်လာခဲ့သည်ဟု သိရသည် ။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်မှုးချုပ်သက်ပုံ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းအမှူး အဖြစ် ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ် သန်းလှိုင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်လင်းအောင်တို့ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
ယခု အပြောင်းအလဲ ပြုလုပ်ရာတွင် ဗိုလ်ချုပ်ကြီး ၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်အဆင့်ရာထူးများ ဖြစ်ပြီး ညှိနိူင်းကွပ်ကဲရေးမှူး ( ကြည်း၊ရေ၊လေ) ၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိချုပ် ၊ စစ်ဥပဒေချုပ် ၊ တပ်ထိန်းချုပ် ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် တိုင်းမှူး ၊ တပ်မမှူး အချို ့ စသည့် ရာထူးနေရာများ ပါ၀င်ကြောင်း စုံစမ်း သိရှိရသည် ။







