ယိုးတရုတ်ကို မြို့အဖြစ် အဆင့်မြှင့်တင်ရန် ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု

ယိုးတရုတ်ကို မြို့အဖြစ် အဆင့်မြှင့်တင်ရန် ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို မြို့အဖြစ် အဆင့်မြှင့်တင်ရန်အဆိုကို သြဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်သော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်ပုံမှန် အစည်းအဝေး နဝမနေ့တွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်။

Yota Yoke

ယင်းအဆိုကို ကျောက်တော်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းနှင့် အမ်းမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးတို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

ယိုးတရုတ်ကျေးရွာတွင် အိမ်ခြေစု ၁၄၀၀ စုနှင့် အိမ်ထောင်စု ၁၆၀၀ စုရှိပြီး လူဦးရေ ၆၅၀၀ ဦး နေထိုင်လျက် ရှိသော ရွာကြီးတစ်ရွာဖြစ်သဖြင့်  မြို့အဖြစ် သတ်မှတ်နိုင်ရန် အခြေခံ အချက်အလက်များနှင့် ပြည့်စုံကြောင်း မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းက ပြောသည်။

“ယိုးတရုတ် ကျေးရွာဟာဆိုရင်  ပြည်ထဲရေးဝန်ကြီးဌာနက မြို့အင်္ဂါရပ်မှာ ပါ၀င်ရမယ့် သတ်မှတ်ထားတဲ့ အရည်အချင်းများဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လုံခြံုရေးစတဲ့ အချက်အလက်များ ပြည့်စုံနေကြာင်း သိရှိရပါတယ်။ လမ်းပန်းဆက်သွယ်ရေးအားဖြင့်လည်း ရန်ကုန်-စစ်တွေ အဝေးပြေး လမ်းမပေါ်မှာတည်ရှိပြီး စီးပွားရေးအလားအလာကောင်းတဲ့ ကျေးရွာတစ်ရွာဖြစ်တဲ့အတွက် အဆိုကို ထောက်ခံတာ ဖြစ်ပါတယ်” ဟု ထောက်ခံဆွေးနွေးခဲ့သူ ဦးမြသန်းက ပြောသည်။

ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော် ဆုံးဖြတ်ချက်ကို ရယူခဲ့ရာ ကန့်ကွက်သူမရှိဘဲ အတည်ပြုနိုင်ခဲ့သည်။

ဦးမောင်သန်းစိန်၏ အဆိုအပြည့်အစုံမှာ “ယိုးတရုတ်ကျေးရွာကို ယိုးတရုတ်မြို့အဖြစ် အဆင့်မြှင့် တင်နိုင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့  တင်ပြပေးရန် ရခိုင်ပြည်နယ် အစိုးရအား တိုက်တွန်းကြောင်း အဆို” ဖြစ်သည်။

ယိုးတရုတ်ကျေးရွာသည် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အကြား တည်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...