မအီမြို့နှင့် ကျောက်ဖြူကြားရှိ လုံးတော်ပေါက်တံတား ရေလယ်တိုင်နိမ့်သွား၍ ကားအသွားအလာရပ်ထား

မအီမြို့နှင့် ကျောက်ဖြူကြားရှိ လုံးတော်ပေါက်တံတား ရေလယ်တိုင်နိမ့်သွား၍ ကားအသွားအလာရပ်ထား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် မိုင် ၄၀ ကျော်ဝေးသည့် မအီမြို့ လုံးတော်ပေါက်တံတားရှိ အလယ်အဆင့် ရေလယ်တိုင်သည် ငလျင်ဒဏ်ကြောင့် ၆ လက်မခန့် နိမ့်ကျ သွားခဲ့ သဖြင့် ယခုအခါ ကားအသွားအလာများကို ရပ်ထားရကြောင်း  ဒေသခံများ ပြောသည်။

“ကျွန်တော်တို့ မအီမြို့၊ လုံးတော်ပေါက်တံတား အလယ်အဆင့် ရေလယ်တိုင်ဟာ မြေငလျင်ကြောင့် ၆ လက်မကျော် အောက်ကို နိမ့်ဆင်းသွားပြီး လက်ျာဘက်အခြမ်းမှာ လက်မ ၂၀ ခန့် ရွေ့သွားတာ ကို တွေ့ရှိ ရပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

တံတားဟာ ငလျှင်ကြောင့် T တိုင်တွေ နိမ့်ဆင်းသွာကာ သံမဏိ ဘောင်တွေနဲ့ လက်ရန်းတန်း တွေလည်း  ပြုတ်ကျ ပျက်စီးပြီး ယာဉ်သွားယာဉ်လာတွေ ခတ္တသွားလာခွင့် ပိတ်ထားရကြောင်း ဦးသန်းထွန်းမှဆက်ပြောသည်။

ယခုနိမ့်ကျသွားခဲ့သည့် လုံးတော်ပေါက်တံတားသည် မအီ ကျောက်ဖြူ ကားလမ်းပေါ်မှာရှိပြီး မအီမြို့နှင့် ဆိုလျင် ၈ မိုင်အကွာတွင် ရှိသော  သံဘောင်တံတားတစ်စင်းလည်းဖြစ်ကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...