ရခိုင်အရေး ဖြေရှင်းရန် အကြံပေးကော်မရှင်ကို နိုင်ငံတကာ ပညာရှင်များ ပါ၀င်၍ဖွဲ့

ရခိုင်အရေး ဖြေရှင်းရန် အကြံပေးကော်မရှင်ကို နိုင်ငံတကာ ပညာရှင်များ ပါ၀င်၍ဖွဲ့
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းရန် မြန်မာနိုင်ငံသားများသာမက နိုင်ငံခြားသားများလည်း ပါ၀င်သော အကြံပေးကော်မရှင် တစ်ခုကို ဖွဲ့စည်းသွားရန် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနမှ ယနေ့ သြဂုတ်လ ၂၄ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

၎င်းကော်မရှင်တွင် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၏ အဆို အရ ဘက်လိုက်မှုကင်းသည့်၊ လူအများလေးစားသည့်၊ အတွေ့အကြံုရင့်ကျက်သည့်၊ ထင်ပေါ်ကျော်ကြားသည့် မြန်မာနိုင်ငံသား (၆) ဦး နှင့် နိုင်ငံတကာမှ ပုဂ္ဂိုလ် (၃) ဦးတို့ဖြင့် ဖွဲ့စည်းမည်ဟု သိရသည်။

၎င်းကော်မရှင်၏ ဥက္ကဋ္ဌ အဖြစ်ကိုဖီအာနန် ဖောင်ဒေးရှင်းတည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်ဆုရှင် မစ္စတာကိုဖီအာနန်မှ ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တစ်ခြား ပါ၀င်သူများမှာ ဦးဝင်းမြ၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်။ ဒေါက်တာသာလှရွှေ၊ နာယက၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း။ မစ္စတာ ဂါဆန်ဆလမ်၊ ယဉ်ကျေးမှု ၀န်ကြီး(၂၀၀၀-၂၀၀၃)၊ လက်ဘနွန်နိုင်ငံ၊ ကုလသမဂ္ဂွအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် (၂၀၀၃-၂၀၀၆)။ မစ္စလက်တီတီရာဗန်ဒနန်အာဆမ်၊ကုလသမဂ္ဂအိတ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ဆိုင်ရာ အစီအစဉ်(UNAIDS)၏ အထူးအကြံပုဂ္ဂိုလ်(၂၀၀၅-၂၀၀၀၆)၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး (၂၀၁၂-၂၀၁၅)။ ဦးအေးလွင်၊ တည်ထောင်သူ တစ်ဦးနှင့်အမြုတေအဖွဲ့ဝင်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ)။ ဒေါက်တာ မြသီတာ၊ ဥက္ကဋ္ဌ၊ သားဖွားမီးယပ်ပညာအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဆရာဝန်များ အသင်း။ ဦးခင်မောင်လေး၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်။ ဒေါ်စောခင်တင့်၊ ဥက္ကဋ္ဌ၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်)၊ ဒုတိယ ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသမီး အသင်းတို့ ဖြစ်ကြသည်။

၎င်းကော်မရှင်အနေဖြင့် ရှာဖွေတွေ့ရှိချက်များနှင့် အကြံပြုချင်များပါ၀င်သည့် အစီရင်ခံစာကို ကော်မရှင် တည်ထောင်ပြီး ၁၂ လထက် နောက်မကျဘဲ တင်ပြရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...