မြန်မာ-အိန္ဒိယ နယ်စပ်တွင် ငလျင်လှုပ်

မြန်မာ-အိန္ဒိယ နယ်စပ်တွင် ငလျင်လှုပ်
by -
နိရဥ္စရာ
မြန်မာ- အိိန္ဒိယနယ်စပ်တွင် ယနေ့နံနက် ရ နာရီ ၁၁ မိနစ်က ရစ်ချက်စတာစကေး ၅ ဒသမ ၅ ပြင်းအားရှိသော ငလျင် တစ်ခု လူပ်ခတ်သွားခဲ့သည်ဟု အိန္ဒိယ ငလျင်တိုင်းထွာရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနယ်စပ် အနီးရှိ အိန္ဒိယ အရှေ့မြောက် ပြည်နယ်များတွင် ၎င်းငလျင် လူပ်ခတ်သွားခြင်း ဖြစ်ပြီး ဂွာဟာတီ၊ ချီလောင်၊ ကိုဟီးမ၊ အိုင်ဇောလ်မြို့မှ လူများ လမ်းပေါ်သို့ ထွက်ပြေးခဲ့ကြသည် ဂွာဟာတီ ဒေသခံ တစ်ဦးက ပြောသည်။

နေပြည်တော် ငလျင်တိုင်းထွာရေးစခန်းမှလည်း မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ဘင်္ဂလာဒေ့ရှ်နှင့် ထိစပ်နေသော နိုင်ငံ အနောက်မြောက်ပိုင်းတွင် လူပ်ခတ်သွားခဲ့သည်ဟု သတင်းထုတ်ပြန်ကြောင်း သတင်းအေဂျင်စီများတွင် သတင်းဖော်ပြသည်။

သို့သော်လည်း လူအသေအပျောက် မရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...