ဒေသတွင်း မုတ်သုန်ဖိုရမ် စစ်တွေတွင်ပြုလုပ်

ဒေသတွင်း မုတ်သုန်ဖိုရမ် စစ်တွေတွင်ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေဟိုတယ်တွင် ဒေသတွင်းဆိုင်ရာမုတ်သုန်ဖိုရမ်တစ်ခုကို သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပြုလုပ်လျက်ရှိသည်။

မုတ်သုန်ဖိုရမ်ပြုလုပ်ရခြင်းမှာ ရာသီဥတုပြောင်းလဲလာပြီး အနောက်တောင်မုတ်သုန်လေသည်လည်း ပုံစံမမှန်ဖြစ်လာ၍ ကြိုတင်သတိပေးမှုများနှင့် သတင်းများကို မှန်မှန်ကန်ကန် ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်သည်ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

“အခုက ရာသီဥတုတွေကလည်း ပြောင်းလဲလာတယ်။ အနောက်တောင် မုတ်သုန်လေဟာလည်း ပုံစံတွေ ပုံစံမမှန်ဖြစ်လာပါတယ်။ ဒီလိုမျိုး ပြောင်းလဲလာမှုနဲ့အတူ သဘာဝ ဘေးအန္တရာယ်တွေလည်း ပါလာတယ်။ ရေကြီးတဲ့ပြဿနာတွေ၊ မိုးအင်မတန်မှရွာပြီးတော့ မြစ်ကမ်းပါး ပြိုတဲ့ပြဿနာတွေ အများကြီး ပေါ်လာတယ်။ ဖြစ်ပေါ်လာမှုအပေါ် တစ်ဘက်က ကာကွယ်မှု ပြုလုပ်ရတဲ့အပိုင်းရှိသလို၊ မိုးရေအပေါ်မူတည်နေတဲ့အတွက် ကြိုတင်သတိပေးတဲ့ စနစ်တွေ၊ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန် အချိန်မီ ထုတ်ပြန်နိုင်ပြီးတော့ သတင်းအချက်အလက်တွေအပေါ်မှာ ပြည်သူလူထုက ကြိုတင်ပြင်ဆင်နိုင်မှုတွေ ပြုလုပ်နိုင်အောင်နဲ့ ဌာနဆိုင်ရာတွေက သတင်းအချက်အလက်တွေကို အသုံးချပြီးတော့ သူတို့လုပ်ငန်းခွင်တွေမှာ အသုံးချမည့်အစီအစဉ်တွေကို အဖြေထုတ်မယ့် အစီအစဉ်တွေ ပါပါတယ်”ဟု ၀န်ကြီးဦးအောင်ကျော်ဇံက သတင်းဌာနများသို့ ပြောကြားခဲ့သည်။

IMG20160808091007

ယခုပြုလုပ်နေသော ဖိုရမ်သို့ UN HABITAT နှင့် ရိန်း(စ်) အဖွဲ့က တာဝန်ရှိသူများကလည်း တက်ရောက်ပြီး အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးစီ အမှာစကားပြောကြားခဲ့ကြသည်။

ယခုပြုလုပ်နေသာ ဖိုရမ်သို့ မိုးလေသနှင့်ပတ်သက်သည့် မိုးလေဝသနှင့်ဇလဗေဒဌာန၊ စိုက်ပျိုးရေးဌာန၊ လျှပ်စစ်ဌာန၊ မွေးမြူရေးဌာန၊ ပြန်ကြားရေးဌာနအပါအဝင် ဌာနအသီသီးမှ ဖိတ်ကြားထားသူ ၄၀ ဦးခန့် တက်ရောက်လျက်ရှိသည်။

ယခုဖိုရမ်မှ ပြည်သူများကို သဘာဝဘေးအန္တရာယ်မကျရောက်နိုင်စေရေးအတွက် ကြိုတင်သတိပေးနိုင်သည့် စနစ်များကိုထူထောင်နိုင်စေရန် အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်း ၀န်ကြီးဦးအောင်ကျော်ဇံက ထည့်သွင်းပြောကြားသွားသည်။

ဖိုရမ်ဖြစ်မြောက်ရေးအတွက် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာနက ဦးစီးဦးဆောင်ပြုလုပ်ခဲ့ပြီး ကျွမ်းကျင်သူများပါ၀င်ရေးနှင့် ထောက်ပံ့ကူညီမှုများကို ရိန်း(စ်) အဖွဲ့အစည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုပြုလုပ်သော ဖိုရမ်သည် ရခိုင်ပြည်နယ်အတွက် ပထမဦးဆုံးပြုလုပ်သော ဖိုရမ်ဖြစ်ပြီး၊ နေပြည်တော်တွင် ၂၀၀၇ ခုနှစ်ကတစ်ကြိမ်နှင့် ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ၂၀၁၄ ခုနှစ်က တစ်ကြိမ်ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...