၁၆ နှစ်အရွယ် လူငယ်နှစ်ဦး စိတ်ကြွဆေးပြား ၂၅ ပြားနှင့် အတူ စစ်တွေတွင် ဖမ်းဆီးခံရ

၁၆ နှစ်အရွယ် လူငယ်နှစ်ဦး စိတ်ကြွဆေးပြား ၂၅ ပြားနှင့် အတူ စစ်တွေတွင် ဖမ်းဆီးခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ်လ ရ ရက်နေ့ နေ့လယ်ပိုင်းက အသက်၁၆နှစ်အရွယ် လူငယ်နှစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြားကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

“နေ့လယ် ၁ နာရီမှာ မူးယစ်ဆေးဝါးသတင်းအရ စစ်တွေ သဲချောင်းလမ်း စျေးအနီး နေရာယူ စောင့်ဆိုင်းနေစဉ်မှာ အနောက်ဘက်က အရှေ့ဘက်ကို ဆိုင်ကယ်တစ်စီး မောင်းနှင်လာတာကို ရပ်တန့်စစ်ဆေးတဲ့အခါမှာ WY စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြားကို ဖမ်းဆီးရမိခဲ့ပါတယ်”ဟု စစ်တွေမြို့မ ရဲစခန်းမှ ရဲအုပ်အေးခင်မောင်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ဓညဝတီ (ခ) ရပ်ကွက်မှ မောင်နေမျိုးဦးနှင့် မင်းဂံ ရပ်ကွက်မှ မောင်ညီညီဇော်တို့ ဖြစ်ကြောင်း၊ မောင်နေမျိုးဦးက SYMBO 125 ဆယ်ကယ် ကိုမောင်းသူဖြစ်ပြီး နောက်မှလိုက်ပါလာသူ မောင်ညီညီဇော်လက်ထဲမှာ ဖမ်းရမိခဲ့ကြောင်း ဆိုသည်။

13956802 336894520031472 679780533 n

ဖမ်းဆီးခံရသူနှစ်ဦး သတင်းပေးချက်အရ သဲချောင်းထဲမှ အိမ်တစ်အိမ်ကို သွားရောက်ရှာဖွေခဲ့သော်လည်း အိမ်တွင်နေသူများ ထွက်ပြေးတိမ်းရှောင်သွားကြ၍ နောက်ထပ် ဖမ်းဆီးရမိခြင်း မရှိခဲ့ကြောင်း ရဲအုပ်အေးခင်မောင်က ဆက်ပြောဆိုသည်။

“ကျွန်တော်တို့ သူတို့ကို စစ်ဆေးမေးမြန်းတဲ့အခါ သူတို့ဝယ်ယူခဲ့တဲ့အိမ်ကို ပြောပြပါတယ်။ သူတို့ကို စစ်ဆေးမေးမြန်းတာ မိနစ် ၂၀ -၃၀ လောက်ကြာသွားပါတယ်။ သူတို့ပြောပြချက်အတိုင်း သဲချောင်းကအိမ်ကို သွားရောက် စစ်ဆေးခဲ့ပေမယ့် အိမ်သားတွေက တစ်ယောက်မှ မရှိတော့တဲ့အတွက် ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပါဘူး” ရဲအုပ်က ဆိုသည်။

ဖမ်းဆီးရမိသူနှစ်ဦးကို စစ်တွေမြို့မရဲစခန်းတွင် မယပ ၅၁/၂၀၁၆ ပုဒ်မ ၁၅/၁၆ (ဂ) /၂၁ ဖြင့် ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးခံရသူ နှစ်ဦးစလုံးသည် အသက် ၁၆ နှစ်ဝန်းကျင်သာ ရှိသေးကြောင်း သိရသည်။

ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နှင်းရေးအတွက် ရပ်ကွက်တိုင်းတွင် မူးယစ်ဆေးဝါး ဆိုးကျိုး ဆိုးပြစ်များကို ပညာပေး ဟောပြောမှုများ ပြုလုပ်ထားခဲ့ပြီဖြစ်ကြောင်း ရဲအုပ်အေးခင်မောင်က ပြောသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...