ယင်းဆိုင်ကယ်များကို နေရာနှစ်ခုမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်တွေမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။
“ပထမ ၄ စီးကို နံနက်အာရုဏ်တက် ၄ နာရီမှာ ခိုးယူလာသူနှစ်ဦးအနဲ့ အတူ စက်ရုံစုရပ်ကွက် မီလောင်ပြင်ထဲမှာ ဖမ်းမိတာပါ။ နောက် ရ စီးကိုတော့ သဲချောင်းဘင်္ဂလီရွာထဲမှာ နေလယ် ၁ နာရီမှာ သွားရောက် စစ်ဆေးဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ပိုင်ရှင်မရှိတဲ့ နှစ်စီးကိုလည်း ဆက်လက်ဖေါ်ထုတ်နိုင်ခဲ့ပါတယ်”ဟု စစ်တွေမြို့မ ရဲစခန်းမှ ရဲအုပ်အေးခင်မောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဆိုင်ကယ် ၄ စီးနှင့်အတူ ဖမ်းဆီးရမိသူနှစ်ဦးမှာ မောင်အောင်စိုးထွန်း (ရူပမြောက်ရပ်ကွက်) နှင့် မောင်မောင်ဆန်းဝင်း (ဆင်းကူးလမ်းရပ်ကွက်) တို့မှ ဖြစ်ကြောင်း သိရသည်။
ယင်းနှစ်ဦးကို ရာဇသတ်ကြီး ဥပဒေ ၃၈၀/၁၅၄ ဖြင့် အမှုဖွင့် အရေးထားကြောင်း သိရသည်။
ခိုးမှုများပပျောက်ရေးအတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူးနှင့် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးတို့၏ လမ်းညွှန်မှာကြားချက်ဖြင့် စစ်တွေမြို့မရဲစခန်း စခန်းမှူး၏ အနီးကပ်ကြီးကြပ်မှူးဖြင့် နယ်ထိန်းခေါင်းဆောင် ရဲအောင်အေးခင်မောင် ဦးဆောင်သော အဖွဲ့က ၁၂ နာရီနောက်ပိုင်း ညဥ့်နက်လှည့်ကင်းဆောင်ရွက်စဉ် ယင်းသို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ရဲအုပ်အေးခင်မောင်က ပြောဆိုသည်။







