အောင်ပြည့်စုံခရီးသည်တင်ကား မင်းပြားအနီး တိမ်းမှောက်

အောင်ပြည့်စုံခရီးသည်တင်ကား မင်းပြားအနီး တိမ်းမှောက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီကျေးရွာအနီးတွင် ရန်ကုန်မှ စစ်တွေသို့ထွက်ခွာလာသော အောင်ပြည့်စုံ ခရီးသည်တင်ကား ယနေ့နံနက်က တိမ်းမှောက်ခဲ့ရာ ခရီးသည် ၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

FB IMG 1470376786721ယင်းအောင်ပြည့်စုံယာဉ် တိမ်းမှောက်မှုနဲ့ ပတ်သတ်ပြီး မင်းပြားရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ယာဉ်တိမ်းမှောက် သည်ကို အတည်ပြုခဲ့ပြီး အခြားပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

မင်းပြားဒေသခံ ဦးသိန်းစံကိုဆက်သွယ်မေးမြန်းကြည့်ရာ “ ကျွန်တော်သိရ သလောက်တော့ အသေအပျောက်မရှိပါဘူး။ မင်းပြားဆေးရုံမှာတော့ အရေးပေါ်ဆေးကုသမှုခံယူသူ ၅ ယောက်ရှိပါတယ်” ဟု နိရဥ္ဇရာသို့ပြောသည်။

ယခုကဲ့သို့ ရန်ကုန်- စစ်တွေကားလမ်း မကြာခဏဆိုသလို ယာဉ်တိမ်းမှောက်နေရတာနှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူတွေအနေဖြင့်လည်း ကွင်းဆင်းပြီး မြေပြင်အခြေအနေတို့ကို လေ့လာ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ဦးသိန်းစံမှအကြံပြုပြောဆိုသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...