Published
Monday, August 08, 2016
အောင်ပြည့်စုံခရီးသည်တင်ကား မင်းပြားအနီး တိမ်းမှောက်
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီကျေးရွာအနီးတွင် ရန်ကုန်မှ စစ်တွေသို့ထွက်ခွာလာသော အောင်ပြည့်စုံ ခရီးသည်တင်ကား ယနေ့နံနက်က တိမ်းမှောက်ခဲ့ရာ ခရီးသည် ၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းအောင်ပြည့်စုံယာဉ် တိမ်းမှောက်မှုနဲ့ ပတ်သတ်ပြီး မင်းပြားရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ယာဉ်တိမ်းမှောက် သည်ကို အတည်ပြုခဲ့ပြီး အခြားပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။
မင်းပြားဒေသခံ ဦးသိန်းစံကိုဆက်သွယ်မေးမြန်းကြည့်ရာ “ ကျွန်တော်သိရ သလောက်တော့ အသေအပျောက်မရှိပါဘူး။ မင်းပြားဆေးရုံမှာတော့ အရေးပေါ်ဆေးကုသမှုခံယူသူ ၅ ယောက်ရှိပါတယ်” ဟု နိရဥ္ဇရာသို့ပြောသည်။
ယခုကဲ့သို့ ရန်ကုန်- စစ်တွေကားလမ်း မကြာခဏဆိုသလို ယာဉ်တိမ်းမှောက်နေရတာနှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူတွေအနေဖြင့်လည်း ကွင်းဆင်းပြီး မြေပြင်အခြေအနေတို့ကို လေ့လာ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ဦးသိန်းစံမှအကြံပြုပြောဆိုသည်။







