ရခိုင်ပြည်လွှတ်တော်တွင် ဘင်္ဂလီဟု ခေါ်ဝေါ်သုံးနှုန်းရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်

ရခိုင်ပြည်လွှတ်တော်တွင် ဘင်္ဂလီဟု ခေါ်ဝေါ်သုံးနှုန်းရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်
by -
နိရဥ္စရာ
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသော ဘင်္ဂလီများကို ဘင်္ဂလီဟု ဆက်လက်ခေါ်ရန် ရခိုင်ပြည်နယ် လွှတ်တော်မှ တစ်ဆင့် ပြည်ထောင်စု အစိုးရ အားတိုက်တွန်းသည့် အဆိုကို ဘူးသီးတောင်မြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းမှ “ ပြည်ထောင်စု သမ္မတနိုင်ငံတော်၊ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသမှ နည်းမျိုးစုံဖြင့် ၀င်ရောက်လာသည့် ခိုးဝင်ဘင်္ဂလီများကို မူလရှိရင်းစွဲ ဘင်္ဂလီဟု ခေါ်ဝေါ်သုံးနှုန်းရန် ရခိုင်ပြည်နယ် အစိုးရမှ တစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့သည်။

၎င်းအဆိုအား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ထောက်ခံဆွေးနွေးခဲ့သည်ဟု သိရသည်။  

ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း၏ အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်က ဆွေးနွေးရန် သင့်မသင့်ကို သဘောထားရယူခဲ့သည်ဟု လွှတ်တော်သို့ သတင်း တက်ရောက်ယူခဲ့သူ နိရဥ္စရာ သတင်းထောက်က ပြောသည်။

ဆွေးနွေးမည့်သူ စာရင်းအား တောင်းခံပြီး ၎င်းအဆိုကို ဆက်လက် ဆွေးနွေးမည်ဟု သိရသည်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို သြဂုတ်လ ၃ ရက်နေ့ တွင် စတင်ကျင်းပသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...