ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းမှ “ ပြည်ထောင်စု သမ္မတနိုင်ငံတော်၊ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသမှ နည်းမျိုးစုံဖြင့် ၀င်ရောက်လာသည့် ခိုးဝင်ဘင်္ဂလီများကို မူလရှိရင်းစွဲ ဘင်္ဂလီဟု ခေါ်ဝေါ်သုံးနှုန်းရန် ရခိုင်ပြည်နယ် အစိုးရမှ တစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့သည်။
၎င်းအဆိုအား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ထောက်ခံဆွေးနွေးခဲ့သည်ဟု သိရသည်။
ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း၏ အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်က ဆွေးနွေးရန် သင့်မသင့်ကို သဘောထားရယူခဲ့သည်ဟု လွှတ်တော်သို့ သတင်း တက်ရောက်ယူခဲ့သူ နိရဥ္စရာ သတင်းထောက်က ပြောသည်။
ဆွေးနွေးမည့်သူ စာရင်းအား တောင်းခံပြီး ၎င်းအဆိုကို ဆက်လက် ဆွေးနွေးမည်ဟု သိရသည်။
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို သြဂုတ်လ ၃ ရက်နေ့ တွင် စတင်ကျင်းပသည်။







