ရခိုင်လူငယ်အစည်းအရုံး(ဂျပန်) ဖွဲ့စည်း

ရခိုင်လူငယ်အစည်းအရုံး(ဂျပန်) ဖွဲ့စည်း
by -
နိရဥ္စရာ
ဂျပန်ရောက် ရခိုင်အသိုင်းအဝိုင်းအနေဖြင့် ရခိုင်လူငယ် အစည်းအရုံး(ဂျပန်) ကို  ယခုလ ၂၄ ရက်နေ့က ဖွဲ့စည်း ထူထောင်လိုက်ကြောင်း သတင်းရရှိသည်။

ဇူလှိုင်လ ၂၄ ရက် နေ့လယ် ၁ နာရီမှ ၅ နာရီထိ  တိုကျို မြို့ ၌ ပြုလုပ်သော ဂျပန်ရောက် ရခိုင်လူငယ် ၃၀ ခန့် တက်ရောက်ခဲ့သည့် အစည်းအဝေးမှ ၎င်းအဖွဲ့အစည်းကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ဂျပန်လူငယ်အစည်းအရုံး(ဂျပန်)၏ ပြန်ကြားရေး အဖြစ်တာဝန်ယူထားသူ ကိုသော်ဇင်ဖြိုးက” ကျွန်တော်တို့ အဓိကအနေနဲ့ ရခိုင့်ပြည်နယ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်တွင်း/ ပြည်ပ ရခိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တတ်နိုင်တဲ့ ဘက်မှ ဆောင်ရွက် လုပ်ကိုင်လိုတာရယ်၊ ရခိုင်လူငယ်တွေအနေနဲ့ နိုင်ငံရေး စီးပွားရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်သင့်ပြီလို့ ယုံကြည်တာတွေရယ်ကြောင့် ခုလို ဖွဲ့စည်း ဆောင်ရွက် ရတာဖြစ်ပါတယ်” ဟုနိရဥ္စရာသို့ ပြောသည်။

စတင်ဖွဲ့စည်းသည့်နေ့တွင် အသင်းတွင် လူငယ် ၃၀ ခန့် ပါ၀င်လာခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က ပြည်တွင်းကအဖွဲ့အစည်းတွေ ပြည်ပက အဖွဲ့တွေအားလုံး တက်ညီလက်ညီ လုပ်ဆောင် စေလိုပါတယ်။ အဖွဲ့အစည်းအချင်းချင်းချိတ်ဆက် ဆောင်ရွက်မှုတွေကိုလို လားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်မှာ ညီညွတ်မှု ရှိဖို့လိုလို့ပါ။ ရခိုင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းမှန်သမျှ အားလုံးလမ်းကြောင်းတွေ အတူတူနီပါးရှိမှာပါ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့၊ ရခိုင်လူထုအကျိုးဖြစ်ထွန်းဖို့  လက်ရှိ ရခိုင်နိုင်ငံရေး အခြေအနေတွေကို ထိန်းကျောင်းဖို့ပါဘဲ” ဟု ကိုသော်ဇင်ဖြိုးမှ ဆက်လက် ပြောဆိုသွားခဲ့သည်။

received 393162560854411

အသင်း၏ရည်ရွယ်ချက်မှာ ၅ ချက်ရှိပြီး ၎င်းတို့မှာ

၁ ။ ရက္ခိုင်အမျိုးသား အကျိုးစီးပွားအတွက် ဂျပန်ရောက် ရက္ခိုင့့်လူငယ်များ လက်တွဲချိတ်ဆက်   ပူးပေါင်း ဆောင်ရွက်နိုင်စေရန်၊
၂။ ရက္ခိုင်အမျိုးသားစည်းလုံးညီးညွတ်ရေးနှင့် ရက္ခိုင်အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍများတွင် ဂျပန်ရောက် ရက္ခိုင့်လူငယ်များမှ ပူးပေါင်းပါဝင်မှု ပိုမိုပီပြင်လာစေရန်၊
၃။ ရက္ခိုင်ပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းပြည်ပ ရက္ခိုင်လူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်။
၄။ ခေတ်အဆက်ဆက် ရက္ခိုင့်လူ့အသိုင်းအဝိုင်းအား လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများစွာတို့ကို ကမ္ဘာက သိစေရန်။
၅။ တန်းတူညီမျှရေးနှင့် ရက္ခိုင့်မြေပေါ်မြေအောက် သယံဇာတများကို ရက္ခိုင်ပြည်သူများမှ စီမံခန့်ခွဲ ဆောင်ရွက်နိုင်စေရန်တို့ ဖြစ်ကြသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...