ANP ပေါက်တောမြို့နယ်ရုံးကို ကိုယ်ပိုင်ရုံးသစ်သို့ ပြောင်းရွှေ့

ANP ပေါက်တောမြို့နယ်ရုံးကို ကိုယ်ပိုင်ရုံးသစ်သို့ ပြောင်းရွှေ့
by -
နိရဥ္စရာ
ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် ဌာနခွဲရုံး ဆောက်လုပ်မှု ရာနှုန်းပြည့် မပြီးစီးသေးသော်လည်း စတင် အသုံးပြု၍ ရရှိနိုင်သည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ရုံးသစ်သို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ်ဌာနခွဲ ကိုယ်ပိုင်ရုံးကို ပါတီအဖွဲ့ဝင်တွေဆီက ထောက်ပံ့ငွေတွေ၊ ပြင်ပ အလှူရှင်တွေဆီက လှူဒါန်းငွေတွေနဲ့ ဆောက်လုပ်ခဲ့တာ  ၄ လ ရှိပါပြီ။ တစ်စိတ် တစ်ပိုင်း ပြီးစီးတဲ့အတွက်  အသုံးပြုလို့ရအောင် စီစဉ်ပြီးတော့ ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။ ကိုယ်ပိုင်ရုံးမှာ လုပ်ရတာ ပိုပြီးအဆင်ပြေတဲ့အတွက် ဒီလိုမျိုး ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ်ဌာနခွဲ ကိုယ်ပိုင်ရုံးဆောက်လောက်ရာတွင် ယခုအချိန်ထိ ကျပ်သိန်း ရ၀ ခန့် အသုံးပြုထားပြီး နောက်ထပ်လည်း အကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။

ရခိုင်အမျိုးသားပါတီ မြို့နယ်ဌာနခွဲရုံးအများစုသည် ငှားရမ်းထားသောရုံးများဖြစ်ပြီး မြောက်ဦးမြို့နယ် ဌာနခွဲရုံးတစ်ရုံးသာ ပါတီပိုင်ရုံးဖြစ်ကြောင်း သိရသည်။

“မြောက်ဦးမြို့နယ်မှာတော့ ဆရာကြီး ဦးကျော်သိန်းလှူဒါန်းခဲ့တဲ့အတွက် ကိုယ်ပိုင်ရုံး ရှိတာ သိရပါတယ်”ဟု ဦးအောင်ကျော်ထွီးက ထပ်လောင်း ပြောကြားသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...