“ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ်ဌာနခွဲ ကိုယ်ပိုင်ရုံးကို ပါတီအဖွဲ့ဝင်တွေဆီက ထောက်ပံ့ငွေတွေ၊ ပြင်ပ အလှူရှင်တွေဆီက လှူဒါန်းငွေတွေနဲ့ ဆောက်လုပ်ခဲ့တာ ၄ လ ရှိပါပြီ။ တစ်စိတ် တစ်ပိုင်း ပြီးစီးတဲ့အတွက် အသုံးပြုလို့ရအောင် စီစဉ်ပြီးတော့ ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။ ကိုယ်ပိုင်ရုံးမှာ လုပ်ရတာ ပိုပြီးအဆင်ပြေတဲ့အတွက် ဒီလိုမျိုး ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ်ဌာနခွဲ ကိုယ်ပိုင်ရုံးဆောက်လောက်ရာတွင် ယခုအချိန်ထိ ကျပ်သိန်း ရ၀ ခန့် အသုံးပြုထားပြီး နောက်ထပ်လည်း အကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။
ရခိုင်အမျိုးသားပါတီ မြို့နယ်ဌာနခွဲရုံးအများစုသည် ငှားရမ်းထားသောရုံးများဖြစ်ပြီး မြောက်ဦးမြို့နယ် ဌာနခွဲရုံးတစ်ရုံးသာ ပါတီပိုင်ရုံးဖြစ်ကြောင်း သိရသည်။
“မြောက်ဦးမြို့နယ်မှာတော့ ဆရာကြီး ဦးကျော်သိန်းလှူဒါန်းခဲ့တဲ့အတွက် ကိုယ်ပိုင်ရုံး ရှိတာ သိရပါတယ်”ဟု ဦးအောင်ကျော်ထွီးက ထပ်လောင်း ပြောကြားသည်။







