ဝေဖန်ထောက်ပြမှုများပြုလုပ်ရန် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖိတ်ခေါ်

ဝေဖန်ထောက်ပြမှုများပြုလုပ်ရန် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖိတ်ခေါ်
by -
နိရဥ္စရာ
သံတွဲမြို့သို့ ရောက်ရှိလာသော ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုမှ မိမိတို့အား ထောက်ပြဝေဖန်မှုများ ပြုလုပ်နိုင်ကြောင်း ဇူလိုင် ၁၇ ရက်နေ့က ဖိတ်ခေါ်လိုက်သည်။

သံတွဲမြို့  မြို့နယ်ခန်းမတွင် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာ အကြီး အကဲများ ၊ မြိုမိမြို့ဖများ၊ မြို့နယ် အတွင်းရှိ  ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊  အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဇူလှိုင်လ ၁၇ ရက်နေ့ ညနေ ၄ နာရီတွင် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

ပြည်သူများနှင့် တွေ့ဆုံရသည်ကို အထုူး ဝမ်းမြောက်ပါကြောင်း၊ မိမိတို့ အစိုးရသည် ပြည်သူများသဘောဆန္ဒနှင့် အညီ တင်မြောက် ထားသော အစိုးရတစ်ရပ် ဖြစ်ပါကြောင်း။ ပြည်သူများကို အထူးလေးစား၍ ပြည်သူကို ဗဟိုပြု၍ အမြဲစဉ်းစားပါကြောင်း၊ မိမိတို့အား ထောက်ပြဝေဖန်မူများ ပြုလုပ်နိင်ပါကြောင်း စကာပြောကြားရာတွင်   ၀န်ကြီးချုပ် ဦးညီပုက ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

၎င်းပြင် ၀န်ကြီးချုပ် ဦးညီပုက ၎င်းအစိုးရ အနေဖြင့် ပွင့်လင်းမြင်သာအောင်ဆောင်ရွက်ပါကြောင်း၊ မိမိတို့သည် ပြည်သူများ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊  စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမူကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၁၄-၇-၂၀၁၆ နေ့ရက်က ဆိုလျင် မိမိတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဗဟို သံဃ နာယက ဆရာတော်ကြီး နှင့် ဗိုလ်ချူပ်မူးကြီး မင်းအောင်လှိုင်တို့နှင့် အတူတကွ တွေ့မြင်နိင်ပါကြောင်း၊ ထိုရက်ကို စောင့်စားခဲ့ရပါကြောင်း၊ ပေးဆပ်ခဲ့ရပါကြောင်း၊ နိင်ငံရေးအဖွဲ့အစည်းများ၊ လွတ်လပ်သည့် အဖွဲ့အစည်းများ အနေဖြင့် ပြည်သူနှင့် နီးကပ်သည့်အတွက် ပြည်သူ အကျိုးကိုထောက်ပြပြီး ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် လိုပါကြောင်း၊ ယခု အခါတွင် အမျိုးသားရင်ကြားစေ့ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်ရေး၊ ဖက်ဒရယ်ပေါ်ပေါက်ရေးတို့မှာ နီးကပ်လာပြီဖြစ်ကြောင်း၊ သံတွဲမြို့သို့ ရောက်သည်မှာ သုံးကြိမ်ရှိပြီ ဖြစ်ကြောင်း၊  ဒေသဖွံ့ဖြိုးရေးကို ဆွေနွေးကြမည် ဖြစ်ကြောင်း၊   ပြည်သူများ မှလည်း စေတနာ ဖြင့် ပွင့်လင်းစွာ ဆွေးနွေး လိုပါကြောင်းဖြင့် ပြောကြားသွားခဲ့သည်ဟု သိရသည်။

သံတွဲမြို့နယ်မှ ဒေသခေါင်းဆောင် တစ်ဆယ်ကျော်မှလည်း သံတွဲမြို့နယ်အတွင်း လိုအပ်ချက်များကို သာမက သံတွဲလူထု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများကို အသီးသီးတင်ပြခဲ့ကြသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...