အာဇာနည်နေ့ အခမ်းအနား ရခိုင်ပြည်နယ် မြို့တစ်ချို့တွင် ကျင်းပ

အာဇာနည်နေ့ အခမ်းအနား ရခိုင်ပြည်နယ် မြို့တစ်ချို့တွင် ကျင်းပ
by -
နိရဥ္စရာ
(၆၉) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ်မှ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် အမ်းမြို့တို့တွင် ကျင်းပခဲ့သည်ဟု သတင်း ရရှိသည်။

သံတွဲမြို့တွင် ကျင်းပပြုလုပ်သော အခမ်းအနားသို့ လူပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး မြို့နယ်ခန်းမမှ လွတ်လပ်ရေး ပန်းခြံထိ ချီတက်လမ်းလျှောက်ပြီး လွမ်းသူ့ ပန်းခွေချခဲ့ကြသည်။

သံတွဲဒေသခံ ဦးခင်မောင်နိုင်မှ “ နံနက် ၁၀ နာရီ ၃၉ မိနစ်မှာ ဥသြဆွဲသံနဲ့ အတူ လွတ်လပ်ရေး ပန်းခြံထဲမှာ ရှိတဲ့ လွတ်လပ်ရေး ကျောက်တိုင်မှာ လွမ်းသူ့ ပန်းခွေချခဲ့ကြပါတယ်” ဟု ပြောသည်။

Gwa Martyr

အမ်းမြို့တွင် မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ခဲ့သည်ဟု သတင်းရရှိသည်။

ဂွမြို့နှင့် တောင်ကုတ်မြို့တွင်လည်း လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် ပြုလုပ်ခဲ့ကြပြီး ရမ်းဗြဲမြို့တွင် ဆွမ်းကျွေးအလှူဒါန ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၅၀ တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...