သံတွဲမြို့တွင် ကျင်းပပြုလုပ်သော အခမ်းအနားသို့ လူပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး မြို့နယ်ခန်းမမှ လွတ်လပ်ရေး ပန်းခြံထိ ချီတက်လမ်းလျှောက်ပြီး လွမ်းသူ့ ပန်းခွေချခဲ့ကြသည်။
သံတွဲဒေသခံ ဦးခင်မောင်နိုင်မှ “ နံနက် ၁၀ နာရီ ၃၉ မိနစ်မှာ ဥသြဆွဲသံနဲ့ အတူ လွတ်လပ်ရေး ပန်းခြံထဲမှာ ရှိတဲ့ လွတ်လပ်ရေး ကျောက်တိုင်မှာ လွမ်းသူ့ ပန်းခွေချခဲ့ကြပါတယ်” ဟု ပြောသည်။

အမ်းမြို့တွင် မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ခဲ့သည်ဟု သတင်းရရှိသည်။
ဂွမြို့နှင့် တောင်ကုတ်မြို့တွင်လည်း လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် ပြုလုပ်ခဲ့ကြပြီး ရမ်းဗြဲမြို့တွင် ဆွမ်းကျွေးအလှူဒါန ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၅၀ တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။







