“မွတ်စလင်အသိုင်းအဝိုင်း” အသုံးအနှုန်းကို ကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ၃ ဦးအား ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်

“မွတ်စလင်အသိုင်းအဝိုင်း” အသုံးအနှုန်းကို ကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ၃ ဦးအား ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်
by -
နိရဥ္စရာ
ရန်ကုန်မြို့၌  ယခုလ ၁၀ ရက်နေ့က “ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအဝိုင်း” ဟု သုံးနှုန်းမှုကို  လက်မခံကြောင်း ဆန္ဒဖော်ထုတ် ကန့်ကွက်ပွဲကို ဦးဆောင်ခဲ့သူ သုံးဦးအား ဗဟန်းမြို့မ ရဲစခန်းက ပုဒ်မ ၁၉ ဖြင့် ဇူလိုင်လ ၁၀ ရက်နေ့က အမှု ဖွင့်ထားကြောင်း  သတင်းရရှိသည်။

အမှုဖွင့်ခံရသူ သုံးဦးမှာ ကိုခင်မောင်လင်း (ခ) ကိုဖိုးသား၊ ကို၀င်းကိုကိုလတ်နှင့် ကိုနောင်တော်လေးတို့ ဖြစ်ကြပြီး  သူတို့ သုံးဦးအား ဇူလိုင်လ ၁၃ ရက်နေ့က  ဗဟန်းမြို့မ ရဲစခန်းမှ ခေါ်ယူပြီး (ပ)၂၁၀/၂၀၁၆၊ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

“မနေ့က ဗဟန်းရဲစခန်းက ခေါ်ယူအသိပေးပါတယ်။ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတဲ့အကြောင်းပေါ့။ ကျွန်တော်တို့ ကတော့ ခွင့်ပြုချက်တင်တဲ့အတိုင်း ဆန္ဒပြကန့်ကွက်ပွဲကို အေးအေးချမ်းချမ်းပြုလုပ်ခဲ့တာပါ။ သူတို့ကလည်း ခွင့်ပြုချက်မှာ ပါတဲ့အတိုင်း မလိုက်နာလို့ တရားစွဲတာလို့ ပြောပါတယ်။ကျွန်တော်တို့ကတော့ တရား ဥပဒေ ဘောင်ထဲကပဲ အေးအေးဆေးဆေးရင်ဆိုင်ဖြေရှင်း သွားမှာပါ “ဟု ဆန္ဒပြပွဲခွင့်ပြုချက်ရရန်  ဦးဆောင် လျှောက်ထားခဲ့ရာတွင် ပါ၀င်သူ  ကိုဖိုးသားမှ  နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ဆန္ဒထုတ်ဖော်ရန်နေရာအား ရဲတပ်ဖွဲ့မှ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းမှ တာမွေမြို့နယ်ရှိ (ဟစ်တိုင်) အထိသာ ခွင့်ပြုခဲ့သော်လည်း ဆန္ဒဖော်ထုတ်သူများက ခွင့်ပြုချက်တင်ထားသည့်အတိုင်း ရွှေတိဂုံ အရှေ့ဘက်မုဒ် ကြေးသွန်း ဘုရားရှေ့မှစတင် လမ်းလျှောက်ဆန္ဒပြခဲ့သောကြောင့် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအဝိုင်း ဟုသုံးနှုန်းမှုအား လုံးဝလက်မခံကြောင်း ဇူလိုင်လ ၁၀ ရက်နေ့က  အင်အား ၁၅၀၀ ခန့်ဖြင့် ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ကြေးသွန်းဘုရားရှေ့မှစ၍ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း အတွင်းရှိ (ဟစ်တိုင်) အထိ လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒဖော်ထုတ် ချီတက်နေစဉ် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ကြေးသွန်းဘုရားကြီးအကျော်၊ အဏ္ဏဝါ ဓမ္မဗိမာန်ကျောင်းတိုက်ရှေ့ အရောက်တွင် ရဲက ဟန့်တားမှု ပြုလုပ်ခဲ့သော်လည်း ဦးဆောင်သူများနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ အကြား ၁၅ မိနစ်ခန့် ညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီးနောက် ရှေ့ဆက်သွားခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...