အမေရိကန်သံအမတ်ကြီး ANP ပါတီ ခေါင်းဆောင်များနှင့် စစ်တွေတွင် တွေ့ဆုံ

အမေရိကန်သံအမတ်ကြီး ANP ပါတီ ခေါင်းဆောင်များနှင့် စစ်တွေတွင် တွေ့ဆုံ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသော အမေရိကန် သံအမတ်ကြီး ့ စကော့ မာစီရ်လိုသည် ဇူလှိုင်လ ၆ ရက် နေ့လယ်ပိုင်းက ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်သို့ လာရောက်ပြီး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု သတင်း ရရှိသည်။

“ တွေ့တဲ့အခါ သူက ရခိုင်လူထုရဲ့ အသံတွေ၊ သဘောထား ဆန္ဒတွေကို သိချင်လို့ ရခိုင်ကို လာရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ကျွန်မတို့နဲ့ တွေ့တဲ့အခါ NLD  အစိုးရနဲ့ ANP ပါတီရဲ့ ဆက်ဆံရေးကို မေးပါတယ်။ ANP ပါတီက ငါးနှစ် အတွင်းမှာ ဘာတွေ ဆက်လုပ်မလဲ၊ NLD က အခု ရခိုင်ပြည်နယ် အစိုးရ ဖြစ်နေတာပေါ့လေ။ အကယ်၍များ ANP ပါတီက သာ အစိုးရ ဖြစ်ရင်နောက် ၅ နှစ်တာကာလမှာ ဘာတွေ လုပ်မလဲပေါ့။ ဒါတွေကို မေးပါတယ်။ အဓိကတော့ ကျွန်မတို့ ပြောတာကို နားထောင်တာက များပါတယ်” ဟု တွေ့ဆုံဆွေးနွေးပွဲကို ဦးဆောင် တက်ရောက်သူ ပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောသည်။

NLD  ပါတီဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့်   အဖြေရှာမယ်လို့ တစ်လျောက်လုံး ကြွေကြော်ခဲ့ကြောင်း၊ အခုတော့ NLD  မှာ အစိုးရ ဖြစ်လာပြီ ဖြစ်ကြောင်း၊  ရခိုင်ပြည်သူများ၏ အနာဂတ် အရေး ဆောင်ရွက်နိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် ယနေ့ထိ အကြောင်း တစ်စုံတစ်ရာပြန်ကြားခြင်း မရှိသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရကြောင်း စသဖြင့် ပြောကြားခဲ့သည်ဟု ဒေါ်အေးနုစိန်က ဆက်လက် ပြောကြားသည်။

ဆွေးနွေးပွဲတွင် ဘာသာရေး၊ လူမျိုးရေး၊ အခေါ်အဝေါ် အသုံးအနှုန်းများနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မေးမြန်းခြင်း၊ ဆွေးနွေးခဲ့ခြင်း မရှိခဲ့ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီဘက်မှ ဒုဥက္ကဋ္ဌ (၁) ဒေါ်အေးနုစိန်၊ ဒုဥက္ကဋ္ဌ (၂) ဦးခိုင်ပြည်စိုး၊ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်၊ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးသာထွန်းလှတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမေရိကန် သံအမတ်ကြီး၏ ခရီးစဉ်သည် ၂၀၁၆  ဧပြီလကတည်းက သံအမတ်ကြီး ဖြစ်လာပြီးနောက် ပထမဆုံး အကြိမ် လာရောက်သော ခရီးစဉ် ဖြစ်သည်။

အစည်းအဝေးကို ညနေ ၃ နာရီခွဲက ၄ နာရီခွဲထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...