နယ်စပ်ဒေသ နံသာတောင်ပရဟိတကျောင်း တက္ကသိုလ် ၀င်တန်းအောင်သူ ၃၀ရှိပြီး ဂုဏ်ထူးရသူများလည်းရှိ

နယ်စပ်ဒေသ နံသာတောင်ပရဟိတကျောင်း တက္ကသိုလ် ၀င်တန်းအောင်သူ ၃၀ရှိပြီး ဂုဏ်ထူးရသူများလည်းရှိ
by -
နိရဥ္စရာ
မြန်မာနယ်စပ်တွင် တည်ရှိသော နံသာတောင် ပရဟိတ ကျောင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ကျောင်းသား ကျောင်းသူဦးရေ  ၃၀ ဦး ရှိပြီး ယခင်နှစ်ကထက် အောင်ချက် မြင့်တက်လာသည်ဟု သိရသည်။

၎င်းပြင်  ဂုဏ်ထူးရ ကျောင်းသားများလည်း ယခုနှစ်တွင်  ပေါ်ထွက်လာသည်ဟု သိရသည်။

“၂၀၁၅-၂၀၁၆ စာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ ကျာင်းသား ဦးရေ ၁၀၀ တဲ့အနက်က  ၃၀ အောင်ပါတယ်။ ဒီနှစ်မှာတော့ ဂုဏ်ထူးတွေလည်း ပါကြပါတယ်။ ၂ ဘာသာက နှစ်ယောက်နဲ့ ၁ ဘာသာက ၅ ယောက်ပါပါတယ်။ လွန်ခဲ့တဲ့နှစ်ကထက် ကျောင်းအနေနဲ့ အောင်ချက် ရာခိုင်နှုန်း မြင့်တက် လာပါတယ်”ဟု နံသာတောင် ဆရာတော်က ဦးစာရဏက ပြောသည်။

လွန်ခဲ့သေနှစ် ၂၀၁၄- ၂၀၁၅ စာသင်နှစ်က တက္ကသိုလ်ဝင်တန်း ကျောင်းသား ရ၅ ယောက် ဖြေဆိုခဲ့ရာ  ၁၂ အောင်မြင်ခဲ့သည်။

“ ယခုလို အောင်မြင်တာကတော့ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသား မိဘတွေရဲ့ ကြ်ိုးပမ်း အားထုတ်မှုကြောင့် ဖြစ်ပါတယ်။ ဒီအထဲမှာ မျိုးချစ် ပြည်ချစ် ရခိုင်လူမျိုးတွေရဲ့ ကူညီမှုကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါ၀င်ခဲ့ပါတယ်” ဟု ဆရာတော်က ပြောသည်။

ယခုနှစ်တွင်လည်း အလှူရှင်များ၏ အကူအညီများ ဆက်လက် လိုအပ်နေကြောင်း ဆရာတော်က မိန့်ကြားသည်။

13407231 1755186384695080 6333584524138116469 n

“နံသာတောင် ပရဟိတကျောင်းမှာ ကျောင်းသား ၄၃၅ ယောက် ရှိပေမယ့် ၂၆၄ ယောက်အတွက်ကိုပဲ နယ်စပ်ရေးရာဝန်ကြီးဌာနကခွင့်ပြုပြီးတော့ အကူအညီပေးပါတယ်။ ကျန်တဲ့ ၁၇၁ ယောက်အတွက် အကူအညီမရပါဘူး။ ပြင်ပက အကူအညီကိုပဲ အားကိုးနေရပါတယ်။ အကူအညီရတဲ့အချိန်တော့ အဆင်ပြေတာပေါ့။ အကူအညီမရတဲ့အခါကျရင် အကြွေးစနစ်နဲ့ ၀ယ်ယူရပြီး ရတဲ့အခါ ပြန်ပေးရပါတယ်။ ဒီလိုပဲ လည်ပတ်နေရပါတယ်”ဟု ဆရာတော်က ပြောသည်။

ယခုလက်ရှိအခြေအနေတွင် ကျောင်းသား၂၆၄ ဦးစာရရှိထားသော ရိက္ခာမှ ကျွေးနေရပြီး၊ အလှူရှင်များ မပေါ်ပေါက်သေးသဖြင့် ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း၊ ကျောင်းသား ၁၇၁ ဦးအတွက် တစ်လလျှင် ဆန်အိတ် ၅၀ ခန့် လိုအပ်ကြောင်း ဆရာတော်က ပြောသည်။

စားနပ်ရိက္ခာများအပြင် ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများလည်း မလုံလောက်ကြောင်း သိရှိရသည်။

“ကျောင်းအတွက် သင်ထောက်ကူပစ္စည်းတွေလည်း လုံလုံလောက်လောက် မရှိပါဘူး။ ဗလာစာအုပ်တွေ၊ ခဲတံ၊ ကွန်ပါဗူးတွေ၊ ကျောင်းဝတ်စုံတွေလည်း လိုအပ်နေပါတယ်”ဟု ဆရာတော်က ဆက်ပြောသည်။

နံသာတောင် ပရဟိတကျောင်းသည် အောင်ချက်မြင်မားလာပြီး၊ လုံခြံုရေးကိုလည်း စိတ်ချရသည့် အတွက် မြန်မာ-ဘင်္ဂလားနယ်စပ်နေ ရခိုင်မျိုးနွယ်စုများအတွက် အားကိုးအားထားပြုနေရသော ကျောင်းတစ်ကျောင်းဖြစ်သည်ဟု လေ့လာသိရှိရသည်။

၂၀၁၂ ခုနှစ် အရေးအခင်းအပြီးတွင် နယ်စပ်ဒေသနေ ရခိုင်မျိုးနွယ်စုများ အခြားဒေသသို့ ပြောင်းရွှေ့မသွားစေရန်နှင့် ပညာရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ပြီး  နံသာတောင် ပရဟိတကျောင်းကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ထူထောင်ခဲ့သည်ဟု သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...