“ ကျနော်ဒီ စစ်တွေမြို့မှာပေါ့။ စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်၊ ဟိုဘုတ်ဆိပ် (၂) မှာ ကုန်ပစ္စည်း နဲ့ ရောနှောပြီးတော့မှ မူးယစ်ဆေးဝါးများ လာရောက်ပို့ဆောင်မယ်ဆိုတဲ့ အကြောင်း သတင်းရလို့ ဖမ်းဆီးရမိတာပါ။ အဲဒီတော့ ဖမ်းဆီရမိတဲ့ဟာကတော့ ဗလာစာအုပ်အသစ်တွေနဲ့ ရောနှော သို၀ှက်ထားတဲ့ စ်ိတ်ကြွဆေးပြားတွေ ဖြစ်ပါတယ်။ အထုပ် အရေအတွက်အားဖြင် ပီနံအိတ်နဲ့ ရ ထုပ် ဖြစ်ပါတယ်။ ဆေးပြားအရေအတွက်အားဖြင့်တော့ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ရ၉၈၀၀၀ ပြား ဖြစ်ပါတယ်။ ကာလ တန်ဖိုးအားဖြင့် ဆိုရင်တော့ မြန်မာငွေကျပ် ၂၃၉၄ သန်း ဖြစ်ပါတယ်” ဟု ရဲမှူး ရီထွန်းသန်းက ပြောသည်။
စိတ်ကြွဆေးပြားလာရောက်ပို့ဆောင်သူ တစ်ဦးကိုလည်း ဖမ်းမိကြောင်း ရဲမှူးက ဆက်လက် ပြောကြားသည်။
“ ဒီပစ္စည်းကို လာပြီးတော့မှ ဟိုဟာပေါ့နော် သဟာယ ကုန်ပို့ လုပ်ငန်းကို လာပို့တဲ့ အခါမှာ ဒီအထုပ်တွေနဲ့ အတူ တရားခံ တစ်ဦးကို ဖမ်းမိထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
မူးယစ်ဆေးဝါး သယ်ယူရာ လမ်းကြောင်းနှင့် ပတ်သက်ပြီး ရဲမှူးက “ အဓိကတော့ ကျနော်တို့ သိရသလောက်ပေါ့။ ယခု ဆေးပြားများကို ရန်ကုန်ကနေ ရွှေပြည်သစ် ခရီးသည်တင် ယာဉ်လိုင်းနဲ့ ပို့လိုက်တာပေါ့။ စစ်တွေကို ဇွန် ၂၇ ရက်နေ့ မနက်ပိုင်း ရောက်တယ်။ ရောက်တဲ့အခါမှာ ၂၇ ရက်နေ့မှာ ကားဂိတ်ကနေ ပစ္စည်းတွေကို တရားခံက ရွေးပြီး သင်္ဘောဆိပ်တွေကို ပို့တယ်။ သင်္ဘောဆိပ်ကို ပို့တဲ့ ရည်ရွယ်ချက်က တော့ နောက်တစ်နေ့ ထွက်မယ့် သင်္ဘောနဲ့ စစ်တွေကနေ ဘူးသီးတောင်ကို ပို့ဖို့ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေက လူလိုက်ပါခြင်း မရှိဘဲနဲ့ တန်ဆာနဲ့ အပ်တဲ့ ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်” ဟု ဆိုသည်။
လွန်ခဲ့သောနှစ်က စိတ်ကြွဆေးပြား ၁၀ သိန်းကျော်ကို ဘူးသီးတောင်မြို့တွင် ဖမ်းဆီး ခဲ့ပြီး ယခုနှစ်တွင် အမ်းမြို့နယ်တွင် ၅ သိန်းကျော် ဖမ်းဆီးမိခဲ့ကြောင်း၊ ယခု ဖမ်ဆီးမှုမှာ ၂၀၁၆ ခုနှစ်အတွင်း အကြီးကြီး ဖမ်းမိခြင်း ဖြစ်ကြောင်း၊ အဓိက မူးယစ်တပ်ဖွဲ့စု (၄၇) တပ်ဖွဲ့၏ ပင်မတာဝန်မှာ မူးယစ်ဆေဝါး ဖမ်းဆီး နှိမ်နှင်းရေး လုပ်ငန်း ဖြစ်ကြောင်း၊ သို့အတွက် မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် ဖမ်းဆီး နှိမ်နှင်းရေးနှင့် မူးယစ်ဆေးဝါး အသိပညာ ပေးရေး လုပ်ငန်း ဟန်ချက် အညီညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု (၄၇) တပ်ဖွဲ့စုမှူး ရဲမှူး ရီထွန်းသန်းက ပြောကြားသည်။







