မြန်မာ့သတင်းမီဒီယာကောင်စီမှ တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ပြုလုပ်မည်

မြန်မာ့သတင်းမီဒီယာကောင်စီမှ တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ပြုလုပ်မည်
တိုင်းရင်းသား မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်သော လေးကြိမ်မြောက် တိုင်းရင်းညီလာခံ/ မြောက်ဦး
တိုင်းရင်းသား မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်သော လေးကြိမ်မြောက် တိုင်းရင်းညီလာခံ/ မြောက်ဦး
မြန်မာ့သတင်းမီဒီယာကောင်စီ ( Myanmar Press Council) မှ တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ Summit Parkview Hotel တွင်  ဇွန်လ ၂၈ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

၎င်းဆွေးနွေးပွဲသို့ တိုင်းရင်းသားဒေသ အခြေစိုက် သတင်းမီဒီယာများမှ အယ်ဒီတာများကို ဖိတ်ကြားထားပြီး ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်သွားမည်ဟု သိရသည်။

၎င်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ် တစ်ခုဖြစ်သည့်   တိုင်းရင်းသား မီဒီယာများဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်ပြီး  ဆွေးနွေးသွားမည် ဖြစ်သည့် အပြင် မြန်မာနိုုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် တုုိင်းရင်းသား မီဒီယာများ၏ အခက်အခဲများ စိန်ခေါ်မှုများနှင့် ပတ်သက်၍ ကူညီလုုပ်ဆောင်ပေးနိုုင်သည့် အရာများကိုလည်း အလေးပေး ဆွေးနွေးသွားမည်ဟု သိရသည်။

သတင်းမီဒီယာကောင်စီ၏ ရည်ရွယ်ချက်များ လုုပ်ဆောင်မှုများကို တုုိင်းရင်းသားမီဒီယာများ သိရှိစေပြီး တုုိင်းရင်းသားမီဒီယာများ၏ ကြံုတွေ့ရင်ဆုုိင်နေရသည့် အခက်အခဲများကိုုလည်း သတင်းမီဒီယာကောင်စီက သိရှိစေမည့် အကျိုးကျေးဇူးရရှိမည်ဟုု ယုံုကြည်ပါကြောင်း ဖိတ်ကြားစာတွင် ဖော်ပြထားသည်။

ယခု ပြုလုပ်မည့် ဆွေးနွေးပွဲသည် မြန်မာမီဒီယာ ကောင်စီနှင့် တိုင်းရင်းသား မီဒီယာများ အကြား ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...