
ဖမ်းဆီးခံရသူ ညီစေ့ကေ
ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့ ကျောက်ဖြူ သန်ပန်ချောင်းရပ်ကွက်မှ မောင်ကျောက်တောင် (ခ)ထက်မြတ်ကျော်နှင့် အရာရှိရပ်ကွက်၊ ပညာရေးကောလိပ်ခြံဝင်းထဲနေထိုင်သူ ညီစေ့ကေ(ခ) စိုးမင်းထွန်း အသက်(၁၉)နှစ် ဖြစ်သည်။
“ အဖမ်းခံထားရတဲ့ မောင်ကျောက်တောင်(ခ)ထက်မြတ်ကျော်ကို စစ်ဆေးချက်အရ WY စိတ်ကြွ ဆေးတစ်ပြားကို ၃၅၀၀ ကျပ်နဲ့ ညီစေ့ကေ(ခ) စိုးမင်းထွန်းထံမှ ၀ယ်ယူပြီးတော့ အောင်မျိုးထွန်း (ခ) အောင်ချေကို တစ်ဆင့်ပြန်လည် ရောင်းချတာဖြစတယ််ဆိုပြီး ထွက်ဆိုထားတဲ့ အတွက် ဇွန်လ ၂၃ ရက်နေ့မှာ ဖမ်းဆီးတာဖြစ်တယ်“ဟု နယ်ထိန်း ခေါင်းဆောင် ရဲအုပ်ရဲထွန်း ကပြောသည်။
WY စာတန်းပါ စိတ်ကြွဆေးပြား အချို့နှင့် အတူ ကျောက်ဖြူ သန်ပန်ချောင်းရပ်ကွက်မှ မောင်ကျောက်တောင် (ခ)ထက်မြတ်ကျော်ကို ကျောက်ဖြူမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး စစ်ဆေးစဉ် ၎င်းရောင်းချသော ဆေးပြားများမှာ ညီစေ့ကေ(ခ)စိုးမင်းထွန်းထံမှ ဖြစ်ကြောင်း ထွက်ဆိုသည်ဟု ဆိုသည်။
မောင်ကျောက်တောင်(ခ)ထက်မြတ်ကျော်ကို မယ(ပ)၂/၁၆ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်လှစ် ထားပြီး ညီစေ့ကေ(ခ)စိုးမင်းထွန်းကိုမူ ဆက်လက် စစ်ဆေးနေသည်ဟု သိရသည်။
ကျောက်ဖြူမြို့၊အလယ်ပိုင်းရပ်ကွက်ရှိ ရတနာထွန်းတည်းခိုခန်းတွင် တည်းခိုနေသူ အမ်းမြို့နယ်၊ ဆတ်ကျပြင်ကျေးရွာမှ အောင်မျိုးထွန်း(ခ)အောင်ချေ အသက်(၃၄)နှစ်ထံအား ဇွန်လ ရ ရက်နေ့က WY မူးယစ် ဆေးအချို့နှင့် ဖမ်းဆီးမိပြီးနောက် မောင်ကျောက်တောင်(ခ) ထက်မြတ်ကျော်ကို ဆက််လက် ဖမ်းဆီးကာ နောက်ပိုင်းတွင် ညီစေ့ကေ(ခ)စိုးမင်းထွန်းကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးစဉ် အတွင်း ညီစေ့ကေ(ခ)စိုးမင်းထွန်း နေအိမ်အား ရဲတပ်ဖွဲ့က ၀င်ရောက် ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ရှာဖွေ၍ မတွေ့ရှိခဲ့ကြောင်း ရဲအုပ် ရဲထွန်း ကပြောသည်။







