ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာတွင် ကျောင်းသူတစ်ဦးအား လည်ပင်းညှစ်သတ်ရန် ကြိုးပမ်းမှု ဖြစ်ပွား

ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာတွင် ကျောင်းသူတစ်ဦးအား လည်ပင်းညှစ်သတ်ရန် ကြိုးပမ်းမှု ဖြစ်ပွား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ ၄ တန်းအရွယ် ကျောင်းသူတစ်ဦးအား လည်ပင်းညှစ်သတ်ရန် ကြိုးပမ်း တစ်ခု ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း အပေါက်ဝရဲစခန်းက အတည်ပြုသည်။

Kyar Nyo Byinဖြစ်စဉ်မှာ ကြာညိုပြင်ကျေးရွာနေ ဦးလှဖြူ၏သမီး မ ———- (၁၂)နှစ်သည် ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က အဆိုပါကျေးရွာရှိ အလယ်တန်းကျောင်း၏ အနောက်ဘက်ရှိ အိမ်သာတွင် အပေါ့စွန့်၍ ပြန်လာစဉ် သူမ၏နောက်ဘက်မှ ဘင်္ဂါလီ တစ်ဦးက သူ့မအား ပါးစပ်ပိတ်ကာ လည်ပင်း ညှစ်သတ်ရန် ကြိုးပမ်းခဲ့ကြောင်း ကာယကံရှင်ကျောင်းသူနှင့် သူမ၏ မိသားစုဝင်များက ပြောသည်။

“သမီးလေးက ငိုပြီး ရုန်းလိုက်တော့ အဲဒီ ဘင်္ဂါလီက ဝါးထရံကိုကျော်ပြီးတော့ ကျောင်းနောက်က ကောက်ရိုးပုံဘက်ကိုထွက်ပြေးသွားတယ်။ ဒါက ရည်စူးမှုပါနေတော့ အဲဒီဘင်္ဂါလီကို ဖော်ထုတ် အရေးယူပေးစေချင်ပါတယ်”ဟု ကျောင်းသူ၏ မိခင်ဖြစ်သူက နိရဥ္စရာသို့ပြောသည်။

ယခုဖြစ်စဉ်ကြောင့် ကျောင်းသူလေးတွင် တစ်စုံတရာ ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း၊ သို့သော် သေကြောင်း ကြံစည်မှု ဖြစ်သဖြင့် မသင်္ကာသည့် အသက် ၃ဝ ကျော်အရွယ် ဘင်္ဂါလီတစ်ဦးအား အပေါက်ဝရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း စခန်းက နိရဥ္စရာကို အတည်ပြုသည်။

“ ဖြစ်စဉ်က မှန်ပါတယ်။ စစ်ဆေးတုန်းဖြစ်လို့ နာမည်နဲ့ တခြားအသေးစိတ်ကို မသိရသေးပါဘူး”ဟု အပေါက််ဝရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အလားတူဖြစ်ရပ်မျိုးတစ််ခု ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ကြာညိုပြင်ကျေးရွာ အနီးရှိ အပေါက်ဝကျေးရွာ ရန်တားရပ်ကွက်သစ်တွင်ဖြစ်ပွားခဲ့ပြီး ယင်းအမှုကို ကျူးလွန်သည့် ဇော်ကီ ယာ (၂၅) နှစ်အား ကျောက်တော်မြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်းလည်း သိရသည်။

ယခုလို ဖြစ်စဉ်မျိုး  အပေါက်ဝ ရဲစခန်းနယ်မြေတွင် တစ်ပတ် အတွင်း နှစ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် အမှု တစ်ခုနှင့် တစ်ခု ဆက်စပ်မှု ရှိ/ မရှိ၊ မတည်ငြိမ်မှုများ ပေါ်ပေါက်ရန် မသမာသူများက ချိန်ကိုက်လှုပ်ရှားမှု ဟုတ် / မဟုတ်ကို သက်ဆိုင်ရာမှ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...