သဝင်ချောင်းကျေးရွာတွင် အရက်ရောင်းချနေခြင်းကို တားဆီးပိတ်ပင်ပေးရန် ကျေးရွာအမျိုးသမီးကွန်ယက် အဖွဲ့မှ ဒေသအာဏာပိုင်များကို တောင်းဆို

သဝင်ချောင်းကျေးရွာတွင် အရက်ရောင်းချနေခြင်းကို တားဆီးပိတ်ပင်ပေးရန် ကျေးရွာအမျိုးသမီးကွန်ယက် အဖွဲ့မှ ဒေသအာဏာပိုင်များကို တောင်းဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာတွင် အရက်ရောင်းချ နေခြင်းများကို တားဆီးပိတ်ပင်ပေးရန် သဝင်ချောင်းကျေးရွာမှ အမျိုးသမီးကွန်ယက် အဖွဲ့မှ ဒေသအာဏာပိုင်များက်ို တောင်းဆိုလိုက်သည်။

ဇွန်လ ၂၀ ရက်နေ့က သဝင်ချောင်းကျေးရွာ အမျိုးသမီးကွန်ယက် အဖွဲ့မှ ၁၉၀ ဦး လက်မှတ်ထိုးထားသော စာကို အမျိုးသမီး ၄၀ ခန့်က  ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ ကိုယ်တိုင် သွားရောက် ပေးအပ်ကာ အရက်ရောင်းချနေမှုကို ပိတ်ပင်ရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

သဝင်ချောင်းကျေးရွာတွင် သောက်စား မူးယစ်မှု ဆိုးဆိုးဝါးဝါး ရှိနေသည့်အပြင် ကျောင်းသူ ကျောင်းသားများလည်း အရက်ကြောင့် ပျက်စီးနေကြ၍ ယင်းကဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု သဝင်ချောင်း ကျေးရွာ အမျိုးသမီးကွန်ယက်အဖွဲ့မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်ခင်စန်းယီက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကျေးရွာအတွင်းမှာ သောက်စားမူးယစ်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်နေခဲ့ပါတယ်။ အိမ်မှာ အေးချမ်းနေရင် ပတ်ဝန်းကျင်မှာ ဆူပူနေတယ်။ ကျောင်းသူ ကျောင်းသားတွေလည်း အရက်ကြောင့် ပျက်စီး နေကြပါတယ်။ ဒီလိုမျိုး ကျောင်းသူကျောင်းသားတွေလည်း ပျက်စီးလာကြတယ်၊ အိမ်က လူတွေကလည်း မအေးချမ်း အခြေအနေကို ဆိုက်ရောက်လာတဲ့အတွက် ဒီလိုမျိုး အရက်ရောင်းချတာတွေကို ပိတ်ပင်တားဆီးပေးဖို့ တိုင်ကြားရခြင်းဖြစ်ပါတယ်”ဟု သူမက ပြောသည်။

ယင်းသို့ သွားရောက်တိုင်ကြားရာ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးက အရက်ရောင်းချခြင်းကို ပိတ်ပင်ပေးမည်ဟု ပြောကြားကြောင်းနှင့် ပေါက်တောမြို့မ ရဲစခန်းအနေဖြင့်လည်း ပိတ်ပင်တားဆီးပေးမည်ဖြစ်ကြောင်းနှင့် နောက်နောင် ရောင်းချက်မှုများ ရှိနေလျှင်လည်း လာရောက် တိုင်ကြားရန် မှာကြားလိုက်သည်ဟု သိရသည်။

ယင်းသို့ တိုင်ကြားပြီး အမျိုးသမီးများ ကျေးရွာသို့ပြန်လာချိန်တွင် အရက်ကိုပိတ်ပင်ရန် ရဲတပ်ဖွဲ့ဝင်များကို အမျိုးသမီးများနှင့်အတူ တာဝန်ပေးအပ်လိုက်သည်ဟု သိရသည်။

“ပေါက်တောမြို့နယ် ရဲစခန်း နယ်ထိန်းအဖွဲ့က ကျနော်တို့ရွာကို ရဲတပ်ဖွဲ့ဝင် ၄ ယောက် ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီရဲတွေက ကျေးရွာအတွင်းမှာ အရက်ရောင်းချသူ ၁၃ ယောက်ကို ခေါ်ယူပြီးတော့ နောက်နောင် လုံးဝ မရောင်းချဖို့ ကတိခံဝန်ချက်နဲ့ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ သိရပါတယ် ” ဟု သဝင်ချောင်းကျေးရွာမှ ကွန်ယက်အဖွဲ့မှ ဦးဦးရွှေသာက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အရက်ဆိုင်များ ပိတ်လိုက်ရသဖြင့် အရက်ရောင်းချသူများမှ သွားရောက်တိုင်ကြားခဲ့သူများကို နားမခံသာအောင် ဆဲဆိုနေကြသည်ဟုလည်း သဝင်ချောင်း ကျေးရွာသားများထံမှ သိရှိရသည်။

အနီးအနားကျေးရွာမှ အမျိုးသမီးများအနေဖြင့်လည်း ရပ်ရွာများတွင် အရက်ရောင်းချခြင်းကို ပိတ်ပင်ရန် လိုလားနေကြသည်ဟု သဝင်ချောင်းကျေးရွာ အမျိုးသမီးကွန်ယက်အဖွဲ့မှ ဒေါ်ခင်စန်းယီက ထပ်လောင်းပြောကြားသည်။

သဝင်ချောင်းကျေးရွာတွင် အိမ်ခြေ ၅၀၀ ကျော် ၆၀၀ နီးပါးရှိပြီး အရက်ချက်သူနှင့် ရောင်းသူ ၁၃ ဦးရှိသည်ဟု လေ့လာသိရှိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...