Published
Monday, June 20, 2016
ဒက္ကားတွင် လက်နက် အများအပြား သိမ်းဆည်းရမိ
ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော် ဥတရာ အရပ်တွက် လက်နက် အများအပြားကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက ယနေ့တွင် သိမ်းဆည်းရမိသည်ဟု Bd news 24 com တွင် သတင်း ဖော်ပြသည်။
ဖမ်းဆီးရမိသော လက်နက်များထဲတွင် တရုတ်လုပ် ပစ္စတို ၁၀၈ လက်၊ ကျည်ဘောက် ၂၂၅ ဘောက်၊ ကျည်ဆံ ၁၀၀၀၊ လှံစွပ် ၁၁ လက် တို့ ဖြစ်သည်။
ယင်းလက်နက်များကို ယနေ့ နေ့လယ် ၂ နာရီက ရဲနှင့် မီးသတ် ပူးပေါင်း တပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။







