ရှေးဟောင်း သုတေသန ပညာရှင်တွေက ၎င်းကျောင်းတော်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒင်နာဂျ်ပူရ် ခရိုင် ကာဟာရိုမြို့နယ် မာဒါဘေကောင် ကျေးရွာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အခုတွေ့ရှိခဲ့တဲ့ ဟိန္ဒူကျောင်းတော်ဟာ အလွန်တွေ့ရခဲတဲ့ ရှေးဟောင်း ကျောင်းတော် တစ်ခု ဖြစ်ပြီး အုတ်တွေနဲ့ ခုနှစ်မီတာ အမြင့်ရှိ အဆောက်အအုံ တစ်ခု၊ ၁၄၄ မီတာ ရှိတဲ့ ခိုင်ခန့်တဲ့ စတုန်းရန်း ပုံသဏ္ဍန် ပလက်ဖောင်းတစ်ခုနဲ့ အတူ ၄ ဒဿမ ၄၈ မီတာ အကျယ်ရှိတဲ့ အခန်းကျဉ်း တစ်ခုကို အဆောက်အအုံရဲ့ အလယ်မှာတွေ့ရတယ်လို့ ဆိုပါတယ်။
ဒီအဆောက်အအုံကို အေဒီ ၁၀ ရာစုနဲ့ ၁၁ ရာစု အတွင်းက တည်ဆောက်ခဲ့တာလို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။
အခု တူးဖော်နေတာကို ဂျဟန်ဂီနာဂါ (Jahangirnagar) တက္ကသိုလ်က ရှေးဟောင်း သုတေသန ပညာရှင်တွေက တူးဖော်နေပြီး အဲဒီအဖွဲ့မှာ တက္ကသိုလ် ဆရာ ၄ ဦး၊ ကျောင်းသား ၁၃ ဦး၊ ကျွမ်းကျင် လုပ်သား ၁၃ ဦးတို့ ပါ၀င်ပါတယ်။
Ref: 1000-year-old Hindu temple excavated in Dinajpur/ The Independent







