နှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းရှိ ဟိန္ဒူဘုရားကျောင်း ဘင်္ဂလာဒေ့ရှ်မှာ တူးဖော်တွေ့ရှိ

နှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းရှိ ဟိန္ဒူဘုရားကျောင်း ဘင်္ဂလာဒေ့ရှ်မှာ တူးဖော်တွေ့ရှိ
by -
နိရဥ္စရာ
ဘင်္ဂလာဒေ့ရှ်နိုင်ငံ မြောက်ပိုင်းမှာ နှစ်ပေါင်း တစ်ထောင်က တည်ဆောက်ခဲ့တဲ့ ဟိန္ဒူ ဗိဿနိုး (Vishnu) နတ်ဘုရားကျောင်းတော် တစ်ခုကို ရှာဖွေ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရှေးဟောင်း သုတေသန ပညာရှင်တွေက ၎င်းကျောင်းတော်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒင်နာဂျ်ပူရ် ခရိုင် ကာဟာရိုမြို့နယ် မာဒါဘေကောင် ကျေးရွာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အခုတွေ့ရှိခဲ့တဲ့ ဟိန္ဒူကျောင်းတော်ဟာ အလွန်တွေ့ရခဲတဲ့ ရှေးဟောင်း ကျောင်းတော် တစ်ခု ဖြစ်ပြီး အုတ်တွေနဲ့ ခုနှစ်မီတာ အမြင့်ရှိ အဆောက်အအုံ တစ်ခု၊ ၁၄၄ မီတာ ရှိတဲ့ ခိုင်ခန့်တဲ့ စတုန်းရန်း ပုံသဏ္ဍန် ပလက်ဖောင်းတစ်ခုနဲ့ အတူ ၄ ဒဿမ ၄၈ မီတာ  အကျယ်ရှိတဲ့ အခန်းကျဉ်း တစ်ခုကို အဆောက်အအုံရဲ့ အလယ်မှာတွေ့ရတယ်လို့ ဆိုပါတယ်။

ဒီအဆောက်အအုံကို အေဒီ ၁၀ ရာစုနဲ့ ၁၁ ရာစု အတွင်းက တည်ဆောက်ခဲ့တာလို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။

အခု တူးဖော်နေတာကို ဂျဟန်ဂီနာဂါ  (Jahangirnagar) တက္ကသိုလ်က ရှေးဟောင်း သုတေသန ပညာရှင်တွေက တူးဖော်နေပြီး အဲဒီအဖွဲ့မှာ တက္ကသိုလ် ဆရာ ၄ ဦး၊  ကျောင်းသား ၁၃ ဦး၊ ကျွမ်းကျင် လုပ်သား ၁၃ ဦးတို့ ပါ၀င်ပါတယ်။

Ref: 1000-year-old Hindu temple excavated in Dinajpur/ The Independent

April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...